ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းရှိ ရှေးဟောင်းအဆောက်အအုံများအား သန့်ရှင်းရေး ဆောင်ရွက်

ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲ၊ ယဉ်ကျေးမှုနယ် မြေလုံခြုံရေးဌာန စိတ်မှကြီးကြပ်၍ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင်းရှိ ဘုရား၊ စေတီ၊ ပုထိုး ၊အုတ်ကျောင်းတို့အား ၂၀၂၀ပြည့်နှစ် နိုဝင်ဘာ ၁၁ ရက်နေ့မှ စတင်ကာ Area-C အတွင်းရှိရှေးဟောင်းအဆောက်အုံများကို သန့်ရှင်းရေး ဆောင်ရွက်လျက် ရှိကြောင်း ရှေးဟောင်းသုတေသနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲမှဦးမြင့်သန်း (ဒုတိယညွှန်ကြားရေးမှူး ) ထံကသိရသည်။

မော်လမြိုင်ကျွန်းမြို့နယ်၌ အားကစားနှင့်ကာယပညာ ဦးစီးဌာနနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ mask camping အသိပညာပေး ကိုယ်လက်လှုပ်ရှား အားကစား သရုပ်ပြခြင်းဆောင်ရွက်

မော်လမြိုင်ကျွန်းနယ်တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ဆက်လက်ပြန့်ပွားမှု မရှိစေရေး အတွက် ယနေ့နံနက် ၉ နာရီခန့်က မြို့နယ်၏ လူစည်ကားရာ နေရာများ၌ မြို့နယ်အဆင့် ဌာနဆိုင်ရာများအား ကစားနှင့်ကာယပညာ ဦးစီးဌာနတို့ ပူးပေါင်းကာ နှာခေါင်းစည်း တပ်ဆင် သွားလာစေရေး အသိပညာပေး (Mask Campaign) ပြုလုပ်ဆောင်ရွက်သည်။

သီပေါမြို့နယ်တွင် ကိုဗစ်−၁၉ပိုးတွေ့ အတည်ပြုလူနာ(၄)ဦးတွေ့ရှိ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ယမန်နေ့က ကိုဗစ်−၁၉ပိုးတွေ့ အတည်ပြုလူနာ(၄)ဦးတွေ့ရှိရကြောင်း သီပေါမြို့နယ်ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရှိရသည်။

မြဝတီမြို့ရှိ မဲကနယ်အသွားအလာကန့်သတ်စောင့်ကြပ်ကြည့်ရှုရေးစခန်းတွင် (၁၄) ရက်ပြည့် မြောက်သူ များအား မိမိတို့နေရပ်သို့ ပြန်လည်စေလွှတ်

ကရင်ပြည်နယ် မြဝတီမြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူများအနေဖြင့် ကန့်သတ်စောင့်ကြည့်ရေးစခန်းများ အသီးသီး စီစဉ်ဆောင်ရွက်ပြီး စောင့်ကြည့်လျက်ရှိရာ

မိုင်းယောင်းမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့အတွက် အောက်ဆီဂျင်ဘူး လှူဒါန်း

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ် ကြက်ခြေနီသူနာပြု တပ်ဖွဲ့အတွက် အရေးပေါ်ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန် အောက်စီဂျင် ၁၀ လီတာဘူး တစ်ဘူးကို အမှတ်(၈)ရပ်ကွက်မှ မမေမြတ်နိုးအေးက ယမန်နေ့တွင် သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

မိုင်းရှူးမြို့နယ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်မည့် ဖွံ့ဖြိုးရေးစီမံကိန်း(၂)ခုအတွက် ကျေးရွာများ ရွေးချယ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP)နှင့် မြစိမ်းရောင်ကျေးရွာစီမံကိန်းအတွက် ကျေးရွာများ ရွေးချယ်ခြင်း အခမ်းအနားကို ယနေ့နံနက်၁၀နာရီအချိန်ခန့်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

မြဝတီမြို့တွင် နှာခေါင်းစည်းတပ်ခြင်းမရှိသည့် ပြည်သူများအား အခုဝယ်အခုတပ်စနစ်ဖြင့် အရေးယူဆောင်ရွက်

ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမဖြစ်ပေါ်စေရန်နှင့် ထိန်းချုပ် ကုသနိုင်ရန် အတွက် နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာနေကြသည့် ပြည်သူများအား မဖြစ်မနေ Mask တပ်ဆင်ရေး အသိပညာပေးခြင်းလုပ်ငန်းများကို ယမန်နေ့ နံနက် (၈) နာရီအချိန်၌ မြဝတီမြို့ အမှတ်(၁)ရပ်ကွက်ရှိ သဇင်လမ်းတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သိန္နီမြို့ဝင်၌ ကျန်းမာရေးစစ်ဆေးရေးဂိတ် နေ့စဉ်ဖွင့်လှစ်ပြီး ကိုဗစ်−၁၉ရောဂါ အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးခရိုင်၊ သိန္နီမြို့တွင်နေ့စဉ် နံနက်(၆)နာရီမှ ည(၉)နာရီအချိန်အထိ မြို့အဝင်ကျန်းမာရေးစစ်ဆေးရေးဂိတ်ဖွင့်လှစ်၍ ခရီးသွားများနှင့် ယာဉ်မောင်းများ၏ ကျန်းမာရေးစောင့်ရှောက်မှုစစ်ဆေးပေးမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

သပိတ်ကျင်းမြို့ ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူနေသော ကိုဗစ်-၁၉ အတည်ပြုလူနာ (၆)ဦး ဆေးရုံဆင်းခွင့်ပြု

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့ ပြည်သူ့ဆေးရုံ၌ ဆေးကုသစောင့်ရှောက် မှုခံယူနေသော ကိုဗစ်-၁၉ ရောဂါလူနာ(၆)ဦးမှာ ကျန်းမာရေးအခြေအနေ ကောင်းမွန်လာ သဖြင့် ယနေ့နံနက် ပိုင်းက ဆေးရုံမှဆင်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။

မြောင်မြို့နယ်မှ ရှေးဟောင်းရွှေထည်များ တွေ့သည့်နေရာတွင် လာရောက်ရှာဖွေနေသူများ ကြောင့် လုံခြုံရေးရဲကင်းချ၍ ကြပ်မတ်ထား

ရှေးဟောင်းပစ္စည်းဟုယူဆရသည့် ရွှေထည်များ တွေ့ရှိခဲ့သော စစ်ကိုင်းတိုင်းဒေသကြီး မြောင်မြို့နယ် ကျောင်းဖြူကျေးရွာ အနောက် ဘက်ရှိ ဧရာဝတီမြစ်လက်တက် နေရာတွင် လာရောက်၍ မြေများကိုတူးဆွကာ ရှာဖွေနေ သူများကြောင့် လုံခြုံရေးရဲကင်းချပြီး ကြပ်မတ် ဆောင်ရွက်နေကြောင်း မြောင်မြို့နယ် စီမံ ခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးတင်ထွန်းအောင်ထံမှ သိရသည်။
Subscribe to