အင်းစိန်မြို့နယ်၌ မြို့ဝင်၊ မြို့ထွက်တွင် ပြည်သူများ နေအိမ်ပြင်ပသို့ မလိုလားအပ်ဘဲ သွားလာခြင်း မရှိစေရေးအတွက် ကြပ်မတ်စစ်ဆေး
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရန် ရည်ရွယ်၍ မြို့ဝင်၊ မြို့ထွက်တွင် ပြည်သူများ နေအိမ်ပြင်ပသို့ မလိုလားအပ်ဘဲ သွားလာခြင်း မရှိစေရေး အတွက် ယမန်နေ့ နံနက်(၇)နာရီအချိန်မှ စတင်ကာ ကျောက်တော်ကြီးဘုရားအနီးနှင့် ဘုရင့်နောင်လမ်းဆုံ တို့တွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ တာဝန်ရှိသူများက ကြပ်မတ်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။