ကန်ကြီးထောင့်မြို့၌ ကိုဗစ်-၁၉ ကာကွယ်ရေး Mask များ ဖြန့်ဝေခြင်းနှင့် အသိပညာပေးခြင်းများ ဆောင်ရွက်
ကန်ကြီးထောင့်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် Mask များ (အခမဲ့) ဖြန့်ဝေပေးခြင်းနှင့် အသိပညာ ပေးခြင်းကို တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့မှ ယနေ့နံနက် ၉ နာရီက တကုန်းကြီးကျေးရွာ၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။