ကနီမြို့နယ်၌ (COVID-19) ရောဂါ ကြိုတင် ကာကွယ်ရေး အသိပညာပေး ဆွေးနွေးပွဲ ကျင်းပ

ကနီမြို့နယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေး စာရေးများနှင့် မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနတို့ ပူးပေါင်း၍ (COVID-19) လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲကို ကနီမြို့ မြို့နယ်အထွေထွေ အုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက် ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

မြိုင်မြို့နယ်၌ COVID-19 ရောဂါ ကြိုတင်ထိန်းချုပ်ကာကွယ်ရန် ညှိနှိုင်းအစည်းအဝေးကျင်းပ

မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့၌ Coronavirus Disease 2019 (COVID-19) အသက်ရှူ လမ်းကြောင်း ဆိုင်ရာ ရောဂါ ကြိုတင် ထိန်းချုပ်ကာကွယ်ရန် ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ် (၂) နာရီ အချိန်က အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

တန့်ဆည်မြို့တွင် အသက် (၈၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွား ၁၁၅၁ ဦးအား လူမှုရေးပင်စင် ထောက်ပံ့

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ် အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများအား နိုင်ငံတော်မှ လူမှုရေး ပင်စင်ထောက်ပံ့လျက်ရှိရာ ယနေ့ နံနက် (၉)နာရီ အချိန်က တန့်ဆည်မြို့ မေတ္တာ မြိုင်ရပ်ကွက် အတွင်း ကွင်းဆင်း ထောက်ပံ့ပေးခဲ့သည်။

ကျိုင်းတုံမြို့၌ စော်ဘွားဈေးနေ့အား ပုံမှန် ဈေးရောင်းချခြင်းဖြင့်သာ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ နှစ်စဉ်ကျင်းပလျက်ရှိသော စော်ဘွားဈေးနေ့ကို ယမန်နေ့က ပါလျန် တံခါးအနီး၊ စော်ဘွားကြီးအုတ်ဂူရှေ့၊ လွိုင်မွေလမ်းတွင် ကျင်းပသည်။

ဖာပွန်မြို့၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီနှင့် အမျိုးသမီးကော်မတီ အစည်းအဝေး ကျင်းပ

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့တွင် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီနှင့် အမျိုး သမီးကော်မတီအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက ခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

နမ့်ဆန်မြို့တွင် နယ်ဝေးမှ ဝင်ရောက်လာသည့် ခရီးသည်များအား COVID-19 ကိုရိုနာ ဗိုင်းရပ်စ် ရှိ/မရှိ စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်တွင် နယ်ဝေးမှ ဝင်ရောက်လာ သည့် ခရီးသည် များအား COVID-19 ကိုရိုနာဗိုင်းရပ်စ် ရှိ/မရှိ စောင့်ကြည့် စစ်ဆေးခြင်း လုပ်ငန်းကို ယမန်နေ့က ညနေ (၅)နာရီ အထိ မြို့နယ်ပြည်သူ့ဆေးရုံရှေ့တွင် စောင့်ကြည့် စစ်ဆေးခြင်း လုပ်ငန်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရွှေတိဂုံစေတီတော်၌ ဘုရားဖူးပြည်သူများအား ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်သည့် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်

ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်ပြီး ပြည်သူများ လိုက်နာရမည့် ကျန်းမာရေး အသိပညာပေးခြင်း လုပ်ငန်းကို ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဒေါက်တာရွှေပြည်နှင့် ကျန်းမာရေး ဝန်ထမ်း များက ယမန်နေ့ နေ့လယ် ၂ နာရီ အချိန်တွင် ရွှေတိဂုံစေတီတော်၌ ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။

ကန်ကြီးထောင့်မြို့နယ် အတွင်းရှိ ကျေးရွာအုပ်စု (၃၁)အုပ်စု သို့ စွမ်းအားမြှင့်မီးဖို ၁၃၅၀၀ လုံး အခမဲ့ ဖြန့်ဖြူးပေးလျက်ရှိ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် ကိုရီးယားနိုင်ငံ ရာသီဥတုပြောင်းလဲမှု ဗဟိုဌာနတို့ ပူးပေါင်း၍ ကန်ကြီးထောင့်မြို့နယ် အတွင်းရှိ လျှပ်စစ်မီး မရရှိသေးသည့် ကျေးရွာအုပ်စု (၃၁)အုပ်စု သို့ ဖေဖော်ဝါရီလမှ စတင်ကာ စွမ်းအားမြှင့်မီးဖိုများ ကွင်းဆင်း ဖြန့်ဖြူးပေးလျက် ရှိကြောင်း သိရသည်။

ဘုတလင်မြို့တွင် COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး ဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့တွင် COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာ ပေးခြင်း လုပ်ငန်းများကို ယမန်နေ့ နံနက် ပိုင်းက လူစည်ကားရာ မြို့မဈေး၊ ကားဂိတ်၊ လ္ဘက်ရည်ဆိုင်များနှင့် တက္ကသိုလ် ဝင်တန်း စာမေးပွဲ စာဖြေဌာန အခြေခံပညာ အထက်တန်း ကျောင်းရှေ့တို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to