အမြို့မြို့အနယ်နယ်သတင်းများ

Jan 06,2021
ပဲခူးတိုင်းဒေသကြီး​ ပြည်မြို့တွင် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာဆိုင်ရာတာဝန်ရှိသူများနှင့် လုပ်ငန်း ရှင်များ တွေ့ဆုံ၍ ၂၀၂၀-၂၀၂၁ ခုနှစ် ဘဏ္ဍာရေးနှစ် ဓာတ်သတ္တုထုတ်လုပ်ခွင့် လျှောက်ထားမှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်း က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ပြုလုပ်ခဲ့ ကြောင်း သိရသည်။
Jan 06,2021
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ်တွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက ၂၀၂၀-၂၀၂၁ ခုနှစ် ဘဏ္ဍာရေးနှစ်အတွင်း ကျေးလက်ကုန်ထုတ်လမ်း၊ တံတား၊ ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်မည့် တင်ဒါအောင် ကုမ္ပဏီများနှင့် စီမံကိန်း မိတ်ဆက်ရှင်းလင်းပွဲ အခမ်းအနားကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့ နေ့လည်ပိုင်းက   ကျင်းပခဲ့သည်။ 
Jan 06,2021
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့တွင် အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့် အသက်(၉)နှစ်မှ (၁၀)နှစ်အတွင်း အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာ(HPV)ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက ဝေါလေမြိုင်မြို့၊ မြို့ပေါ်ရပ်ကွက်များ၌ အသီးသီး သွားရောက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
Jan 06,2021
ဂန့်ဂေါခရိုင် ကျောက်ထုမြို့ မြို့ပြသာယာလှပရေးအတွက် အသစ်တည်ဆောက်ခြင်း၊ အဟောင်းပြုပြင်ခြင်း လုပ်ငန်းများ ကို ကျောက်ထုမြို့ စည်ပင်သာယာရေးလုပ်ငန်းက ဆောင်ရွက်လျက်ရှိရာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့် လုပ်ငန်းများအတွက် သတ်မှတ်လုပ်ငန်းများအတွက် အိတ်ဖွင့်တင်ဒါ တင်သွင်းရန် ခေါ်ယူထားသည်။
Jan 06,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံ(အပျိုစင်)ဒေသကို ကမ္ဘာ့အလယ်တွင်ထင်ရှားလာစေရန် ခရီးသွားလုပ်ငန်းများကို အရှိန်အဟုန်မြင့် ဆောင်ရွက်လျက်ရှိကြောင်း ရွာငံမြို့နယ်ခရီးသွားလုပ်ငန်းများဖွံ့ဖြိုးတက်ရေးအဖွဲ့(YTO)မှ သိရသည်။
Jan 06,2021
စစ်ကိုင်းတိုင်ဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ “ ခွေးရူးရောဂါ ကင်းစင်ရေး ကမ္ဘာတစ်ခွင်၂၀၃၀တွင်” အစီအစဉ်ဖြင့် ယနေ့ နံနက်ပိုင်းမှစတင်၍ မြို့နယ်အတွင်းရှိ၊ ဒေသခံကြည်သူများ၏ အိမ်မွေးခွေးများကို ဝက်လက်မြို့၊ မြို့မဘုန်းတော်ကြီး ကျောင်းနှင့် အမှတ် (၃) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် အခမဲ့ထိုးနှံပေးကြောင်း သိရသည်။
Jan 06,2021
ရှမ်းပြည်နယ်တောင်ပိုင်း ၊ လွိုင်လင်ခရိုင် ၊ နမ့်စန်မြို့နယ်တွင် မြို့ရေပေးဝေရေးလုပ်ငန်းများ ပြန်လည်ပြုပြင်ဆောင်ရွက်နေမှု အ‌ခြေအနေများကို မြို့နယ်မှတာဝန်ရှိသူများက ယနေ့နံနက် ၁၁နာရီ ခွဲ က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။