အမြို့မြို့အနယ်နယ်သတင်းများ

Jan 06,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ်တွင် မြို့နယ်အတွင်းရှိ စက်မှုလက်မှုလုပ်ငန်းများ၏ ရင်းနှီးမြုတ်နှံမှုနှင့် အကျိုးအမြတ်အခြေအနေများကို အနီးစပ်ဆုံး ခန့်မှန်း တွက်ချက်နိုင်ရေးအတွက် စစ်တမ်းကောက်ယူခြင်းကို မြို့နယ်စီမံကိန်း ဦးစီးဌာနမှ တာဝန်ရှိသူများက ယနေ့နံနက် ၁၀ နာရီက ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jan 06,2021
မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် ကင်ပွန်းတောင်ကျေးရွာအုပ်စု၊ သပြေပင် ကျေးရွာတွင် ဇန်နဝါရီလ (၂) ရက်နေ့က မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ မီးဘေးသင့် အိမ်ထောင်စုအတွက် ကယ်ဆယ်ရေးပစ္စည်းများနှင့် ထောက်ပံ့ငွေများကို ယမန်နေ့ ညနေပိုင်းက လာရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
Jan 06,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်တွင် မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀−၂၀၂၁ခု ဘဏ္ဍာရေးနှစ် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု စိုက်ပျိုးရေးသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခန့်က ကျေးလက် ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jan 06,2021
"ခွေးရူးရောဂါကင်းစင် မြန်ပြည်တစ်ခွင် ၂၀၃၀ တွင်" ရည်မှန်းချက်ဖြင့် မြန်မာနိုင်ငံ ခွေးရူးရောဂါ ကင်းစင်ရေး၊ ရောဂါကာကွယ်စောင့်ရှောက်ရေး စီမံချက်ကို အကောင်အထည်ဖော်သည့် အနေဖြင့် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ် မွေးမြူရေးနှင့် ကုသရေးဝန်ကြီးဌာနမှ မြို့နယ် ဦးစီးမှူး ဒေါက်တာဒေါ်နွဲ့နွဲ့ရီနှင့် ဝန်ထမ်းများသည် ယမန်နေ့နံနက်က ကညှော်ကျေးရွာသို့ ကွင်းဆင်းပြီး ခွေးရူးရောဂါ ကာကွယ်ဆေးကို အခမဲ့ထိုးနှံပေးခဲ့ကြောင်း သိရသည်။
Jan 06,2021
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်အတွင်းရှိ ကျေးရွာပေါင်း ၈၅ ရွာတို့၌ ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်းလုပ်ငန်းကို ပြည်ထောင်စုခွင့်ပြု ရန်ပုံငွေကျပ်သန်းပေါင်း ၈၅၀ ဖြင့် အကောင် အထည်ဖော် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
Jan 06,2021
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း နယ်စပ်ရေးရာ၀န်ကြီးဌာန၊ နယ်စပ်ဒေသဖွံ့ဖြိုးရေးပြည်ထောင်စု ရန်ပုံငွေ ကျပ် (၃၇၃.၈)သန်းဖြင့် ဆောင်ရွက်လျက်ရှိရာ မောက်မယ်မြို့နယ်မှ ကဒူးကြီးကျေးရွာအုပ်စု သို့ ဆက်သွယ်ထားသည့် မောက်မယ်−နမ့်လွတ်−ကဒူးလေး−ဒုံပုံး−နားဟီး ကျေးရွာချင်းဆက် ကျောက် ချောလမ်း (၃၄/၀ )မိုင်အနက် အချို့နေရာများမှာ သဘာဝဘေး ရာသီဥတုဒဏ်ကြောင့် ပျက်စီးမှုများ ဖြစ်ခဲ့သောလမ်းပိုင်း(၅/၀)မိုင်အား ကျောက်ချောလမ်း ပြန်လည်ပြုပြင်ခြင်း လုပ်ငန်းကို ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
Jan 06,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်မီးသတ်ဦးစီးဌာန အရေးပေါ်ကူညီကယ်ဆယ်ရေး အဖွဲ့မှ တပ်ဖွဲ့ဝင်များက ယမန်နေ့ နံနက်ပိုင်းက ဧရာတီမြစ်အတွင်း ရေပြင်ကူညီ ကယ်ဆယ်ရေး သရုပ်ပြလေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း မင်းဘူးမြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။
Jan 06,2021
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန် ရေးကော်မတီမှ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးကာလအတွင်း ကလေးမြို့နယ်အတွင်းရှိ သီလရှင်များ အား စားနပ်ရိက္ခာများ ဖြန့်ဝေလှူဒါန်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။