အမြို့မြို့အနယ်နယ်သတင်းများ

Jan 06,2021
ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုမရှိစေရေးအတွက် နှာခေါင်းစည်းတပ်ဆင်ခြင်းလှုပ်ရှားမှုနှင့် အသိပညာပေး လုပ်ငန်းများကို ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့ မင်းလမ်းမပေါ်နှင့် မြို့မဈေးအတွင်း၌ ယနေ့နံနက်ပိုင်းက စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသည်။
Jan 06,2021
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း (၂၀၂၀-၂၀၂၁) ဘဏ္ဍာရေးနှစ်၊ နယ်စပ်ဒေသဖွံ့ဖြိုး ပြည်ထောင်စုရန်ပုံငွေကျပ်(၁၉၃.၅၈၃)သန်းဖြင့် ပင်လောင်း မြို့နယ်၊ လုံးပျဉ်ကျေးရွာအုပ်စု၊ နောင်ဝိုး-ကရား-တရွတ်မှူး-ညောင်မှူး-လွယ်ဂွန်းလမ်း (၄/၃)မိုင် အနက်(၁/၀)မိုင်ကျောက်ခင်းပြီး ကျန်(၃/၃)မိုင်မှ (၁/၄)မိုင်အား ကျောက်ခင်းလုပ်ငန်းများ စတင် ဆောင်ရွက်လျက်ရှိရာ ဟိုပုံးမြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ တာဝန်ရှိသူများသည် လုပ်ငန်းအချိန် မီပြီးစီးရေးနှင့် အရည်အသွေးကောင်းမွန်ရေးအတွက် ဒီဇင်ဘာ (၂၆)ရက်နေ့တွင် ကွင်းဆင်းစစ် ဆေးခဲ့ရာ ကျောက်ခင်းခြင်းလုပ်ငန်း(၁/၄)မိုင်အနက်(၁/၀)မိုင် ပြီးစီးပြီဖြစ်သည်။
Jan 06,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ Quarantine ထားရှိသူ(၉)ဦး၏ နှာခေါင်းနှင့် အာခေါင်တို့ဖတ်များ ဓာတ်ခွဲခန်းသို့ ပို့ဆောင်စစ်ဆေးရန် ယနေ့နံနက် (၉) နာရီ ၃၀ မိနစ် အချိန်ခန့်က နှာခေါင်းနှင့် အာခေါင်တို့ဖတ် နမူနာများကို မိုင်းလုံမြို့ နမ့်ပိန်ရပ်ကွက် သီးသန့် Quarantine ထားရှိရာနေရာတွင်ရယူခဲ့ကြောင်း သိရသည်။
Jan 06,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျောက်တလုံးကြီးမြို့ကျေးလက်ကျန်းမာရေးဌာနခွဲမှ ကျောက်တလုံး ကြီးမြို့ပေါ်(၆) ရပ်ကွက်ရှိကိုယ်ဝန်ဆောင်အမျိုးသမီးများအား ယနေ့နံနက် ၉နာရီခန့်က ပုံမှန်ကာကွယ် ဆေးထိုးနှံပေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးလုပ်ငန်းကို ပထမနိမ္မိတသပိတ်မြတ်စေတီ၊ အောင်ဇဗ္ဗူ လောင်းဓမ္မာရုံ၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Jan 06,2021
ဟားခါးမြို့သို့ ဝင်ထွက်သွားလာသည့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များ၊ ခရီးသည်များအား Swab နမူနာစစ်ဆေးခြင်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး ယာဉ်မောင်းနှင့် ယာဉ်နောက် လိုက်များကို မြို့ဝင်ပူးပေါင်း စစ်ဆေးရေးဂိတ်တွင် Swab နမူနာ စစ်ဆေးပြီး ခရီးသွားပြည်သူများအား မြို့ဝင်ဂိတ်တွင် စစ်ဆေးခြင်းမပြုဘဲ သီးသန့်မော်တော်ယာဉ်ဖြင့် ဟားခါးမြို့ Facility Quarantine များတွင် ထားရှိပြီး Swab နမူနာ စစ်ဆေးခြင်းကို ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် Facility Quarantine ဝင်ရောက်နေသည့် ကိုယ်ဝန်ဆောင် အမျိုးသမီး(၁)ဦးနှင့် အမျိုးသား(၁)ဦးတွင် ကိုဗစ်-၁၉ ​ရောဂါပိုး ထပ်မံတွေ့ရှိသဖြင့် ဟားခါးမြို့တိုင်းရင်းဆေးရုံတွင် ပို့ဆောင်ဆေးကုသမှု ခံယူစေလျက် ရှိကြောင်း ဟားခါးမြို့နယ် ကိုဗစ်-၁၉ ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီထံမှ သိရသည်။
Jan 06,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင်၊ ကလောမြို့နယ်တွင်ခရီးစဉ်ဒေသဆိုင်ရာ စီမံခန့်ခွဲရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်ခန့်က မြို့နယ်အထွေထွေ အုပ်ချုပ်‎ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ပြုလုပ်ခဲ့သည်။
Jan 06,2021
ရှမ်းပြည်နယ်(‎တောင်ပိုင်း) တောင်ကြီးခရိုင်၊ ကလောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီအချိန်ခန့်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
Jan 06,2021
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် သရာဖာဒိုဆေးရုံတွင် ကိုဗစ်-၁၉ ကာလအတွင်း ဆေးရုံးပိတ်ထား လျက်ရှိရာ ဆေးရုံရှိ သင်တန်းသား/သူများအနေဖြင့် အထွေထွေဗဟုသုတရရှိစေရန်နှင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းများအား သိရှိနိုင်စေရန်အတွက် ရည်ရွယ်၍ သင်တန်းကို ယမန်နေ့က သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။