Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ဥတ္တရသီရိမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာစာကြည့်တိုက်များ ရေရှည်တည်တံ့ခိုင်မြဲရေး ဆွေးနွေး
Jan 08,2021
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင်ရုံးမှ ဥတ္တရသီရိမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ စာကြည့်တိုက်များ ရေရှည်တည်တံ့ခိုင်မြဲစေရေးအတွက် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီလ(၇)ရက် မွန်းလွဲပိုင်းက မိုးစွေကျေးရွာ အုပ်စု၊ လဲဝန်းကျေးရွာ “ပညာဘဏ်တိုက်” စာကြည့်တိုက်အတွင်း၌ စာကြည့်တိုက်ကော်မတီဝင်များနှင့် တွေ့ဆုံ၍ ကျေးရွာစာကြည့်တိုက် ရေရှည်တည်တံ့ခိုင်မြဲရေး အတွက် ဆွေးနွေးပွဲကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
GAP စိုက်နည်းစနစ်ဖြင့် ဖရဲသီးနှံစိုက်ပျိုးနိုင်ရေး တောင်သူများနှင့်တွေ့ဆုံဆွေးနွေး
Jan 08,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်အတွင်းရှိ တောင်သူများ လယ်သီးထပ် ဖရဲသီးနှံ စိုက်ပျိုးထုတ်လုပ်ရာတွင် သီးနှံများ၏ အရည်အသွေး ထိခိုက်ပျက်စီးမှု မဖြစ်ပေါ်စေရေး၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေးနှင့် စားသုံးသူဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် (Good Agricultural Practices) စိုက်နည်းစနစ်နှင့်အညီ စိုက်ပျိုးနိုင်ကြစေရန် အဆိုပါ တောင်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နမ္မတူမြို့နယ် မန်စံကျေးရွာနှင့် နားဆိုင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းရှိ ယာယီတိုက်ပွဲရှောင် ပြည်သူများအား ဆန်ဖိုးရိက္ခာငွေများ ထောက်ပံ့ပေးအပ်
Jan 08,2021
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ နမ္မတူမြို့နယ်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရုံးမှ ဒီဇင်ဘာလ (၂)ရက်နေ့နှင့် (၅)ရက်နေ့တို့တွင် နမ္မတူမြို့နယ်၊ နမ့်တောင်ကုန်းကျေးရွာအုပ်စု နားကျဲကျေးရွာအနီးနှင့် ပန်ချင်ကျေးရွာအုပ်စု၊ ပန်ချင်ကျေးရွာအနီးတွင် (RCSS/SSA)အဖွဲနှင့် (TNLA)အဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သဖြင့် မန်စံကျေးရွာနှင့် နားဆိုင်းကျေးရွာတို့တွင် ယာယီလာရောက်ခိုလှုံကြသော တိုက်ပွဲရှောင် ပြည်သူများအား ဆန်ဖိုးရိက္ခာငွေများ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ (၂)နာရီအချိန်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရှိ မန်စံကျေးရွာ ရွေစကားဝါမြေဘုန်းတော်ကြီးကျောင်းနှင့် နားဆိုင်းကျေးရွာ ခြေခံပညာအထက်တန်းကျောင်းခွဲ၌ ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သီပေါမြို့နယ်တွင် နာနတ်စိုက်တောင်သူများ GAP လက်မှတ်ရရှိရေး ကျေးရွာများသို့ ကွင်းဆင်း ဆောင်ရွက်
Jan 08,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းမင်းဦးနှင့် ဝန်ထမ်းများသည် နမ့်ရမ်းကျေးရွာအုပ်စုရှိ နမ့်ရမ်းကျေးရွာနှင့် ညောင်ထောက် ကျေးရွာမှ နာနတ်စိုက်တောင်သူများ နာနတ် GAP လက်မှတ်ရရှိရေးအတွက် ယမန်နေ့ နံနက်ပိုင်းက အဆိုပါကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကျွန်းလှ-သဖန်းဆိပ်သွား သံလမ်းကူးအား ကွန်ကရစ်လမ်းချဲ့ပြီး၍ သွားလာရေး အဆင်ပြေ
Jan 08,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ သစ်ရာမြိုင် ရပ်ကွက်ဈေးအနီး၊ ကျွန်းလှ-သဖန်းဆိပ်သွား သံလမ်းကူးအား ကွန်ကရစ်လမ်းချဲ့ပြီး၍ သွားလာရေး အဆင်ပြေနေကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့ ပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ်လူနာ(၃၈)ဦး ကုသပေးထား
Jan 08,2021
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့တွင် ကိုဗစ်လူနာသစ် စတင်တွေ့ရှိသည့် ၂၀၂၀-ခုနှစ် အောက်တိုဘာ (၂)ရက်နေ့မှစတင်ကာ ပြည်သူ့ဆေးရုံကြီးမှကုသပေးလျက်ရှိရာ ယနေ့အချိန်တွင် လူနာ(၃၉)ဦး ကုသ ပေးလျက်ရှိကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ပန်းတောင်းမြို့နယ် ပြည်သူ့ဆေးရုံတွင် အနံ့ပျောက်သဖြင့် ဆေးရုံတက်ရောက်နေသူ (၂) ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ
Jan 08,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် Quarantine ဝင်ရောက်နေသူများမှ ဒုတိယအကြိမ် စစ်ဆေးရန်ကျန်ရှိသူ (၂၁)ဦးနှင့် မြို့နယ်ပြည်သူ့ဆေးရုံတွင် အနံ့ပျောက်သဖြင့် ဆေးရုံတက်ရောက်နေသူ(၂)ဦးတို့အား Swab နမူနာယူစစ်ဆေးရာမှ၊ အနံ့ပျောက်သဖြင့် ဆေးရုံတက်ရောက် ကုသနေသူ(၂)ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်းဘွဲမြို့နယ်တွင် ခွေးရှုးရောဂါကြိုတင်ကာကွယ်ဆေး အခမဲ့ထိုးနှံပေး
Jan 08,2021
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ “ခွေးရူးရောဂါကင်းစင် မြန်မာ ပြည်တစ်ခွင် ၂၀၃၀ တွင်” ရည်မှန်းချက်ဖြင့် မြန်မာနိုင်ငံတွင် ခွေးရူးရောဂါ ကင်းစင်ရေး၊ ရောဂါကာကွယ် စောင့်ရှောက်ရေး စီမံချက်ကို အကောင်အထည်ဖော် ဆောင်ရွက်သည့် ခွေးရူးရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
27811
Page
27812
Page
27813
Page
27814
Current page
27815
Page
27816
Page
27817
Page
27818
Page
27819
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department