အမြို့မြို့အနယ်နယ်သတင်းများ

Jan 06,2021
လူမှုကာကွယ်စောင့်ရှောက်ရေး အစီအစဉ်အရ ဟားခါးမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့် အထက် သက်ကြီးရွယ်အိုများ အတွက် အမျိုးသားလူမှုရေးပင်စင် ထောက်ပံ့ငွေကို ယမန်နေ့က ရပ်ကွက်၊ ကျေးရွာများရှိ အိမ်တိုင်ရာရောက် ပေးအပ်ခဲ့သည်။
Jan 06,2021
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်အတွင်းရှိ COVID-19 ရောဂါ ကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက်  ထောက်ပံ့ငွေများ ပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့က မြို့နယ်ပြည်သူ့ဆေးရုံသို့ လာရောက်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
Jan 06,2021
ဧရာဝတီတိုင်းဒေသကြီး၊မအူပင်ခရိုင်၊မအူပင်မြို့နယ်တွင် မီးဘေးအန္တရာယ် ကြိုတင် ကာကွယ် ရေးနှင့် သဘာဝဘေးအန္တရာယ်များတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ရန်အတွက် မအူပင် ခရိုင်နှင့်မြို့နယ် မီးသတ်ဦးစီးဌာနက မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများအလိုက် အရန်မီးသတ် တပ်ဖွဲ့ဝင်များဖွဲ့စည်းခဲ့ပြီး တပ်ဖွဲ့ဝင်များအား တူညီဝတ်စုံများထုတ်ပေးခြင်းနှင့် စနစ်တကျ ဝတ်ဆင်ခြင်းကို ယမန်နေ့မွန်းလွဲ ၂ နာရီက ခရိုင်မီးသတ်စခန်းတွင် ဆောင်ရွက်ခဲ့သည်။
Jan 06,2021
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ် တူရွင်းဘို့ကျေးရွာရှိ ဆီးခြံစိုက်ပျိုးသူများ ဆီးသီး(ဆီးပန်းသီး) အသီးသီးနှုန်းကောင်းသော်လည်း ဆီးသီးရောင်းချချိန် ဝယ်မည့်သူမျှော်နေရ ကြောင်း တူရွင်းဘို့ကျေးရွာ ဆီးခြံစိုက်ပျိုးရောင်းချသူ ဦးပြုံးချိုထံက သိရသည်။
Jan 06,2021
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်တွင် ပဲတီစိမ်းများ စပေါ်ချိန်မှ တုန်းချိန်အထိ တစ်တင်းလျှင် ၃၉၀၀၀ ကျပ်ဖြင့် ဆက်တိုက်ရောင်းချနေရကြောင်း ကုလားတဲကျေးရွာ ပဲတီစိမ်းစိုက်တောင်သူ ဦးသန်းထိုက် ထံက သိရသည်
Jan 06,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ် အမျိုးသမီးရေးရာ အဖွဲ့တို့ ပူးပေါင်း၍ ယမန်နေ့က ကျေးရွာ(၃)ရွာရှိ ဒေသခံပြည်သူများအား အစာအာဟာရနှင့် အဝတ်အထည်များ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
Jan 06,2021
ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ မြို့နယ် အုပ်ချုပ်ရေးမှူးသည် ကိုဗစ်-၁၉ ရောဂါ ပျောက်ကင်းသက်သာပြီဖြစ်၍ ယနေ့ နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါ စောင့်ကြည့် ကုသရေးဌာန တိုင်းရင်းဆေးရုံမှ ဆင်းခွင့်ရရှိပြီဖြစ်ကြောင်း သိရသည်။
Jan 06,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) ကွန်ဟိန်းမြို့၌ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ၊လူမှုဝန်ထမ်းဦးစီးဌာန မှ ၂၀၂၀-၂၀၂၁ခု ၊ဘဏ္ဍာရေးနှစ်တွင် မြို့နယ်အတွင်း ရပ်ကွက်နှင့်ကျေးရွာ အုပ်စုများအတွင်းရှိ ထောက်ပံ့ရန်ကျန်ရှိသည့် ထိခိုက်လွယ်အုပ်စုတွင် ပါဝင်ပြီးအသက်(၈၀)နှစ်နှင့်အထက် (၈၅)နှစ်အောက် သက်ကြီးရွယ်အိုဘိုးဘွားများ အား ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့နံနက်(၁၀) နာရီအချိန်ခန့်က အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။