Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
စစ်ကိုင်းမြို့နယ်အတွင်း ဆောင်းသီးနှံစိုက်ခင်းများသို့ ပိုးမွှားရောဂါကျရောက်မှု ရှိ/ မရှိ ကင်းထောက် စစ်ဆေးဆောင်ရွက်
Jan 08,2021
စစ်ကိုင်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန တဲကြီးမြို့မနည်းပညာပြန့်ပွားရေးစင်တာမှ တာဝန်ခံများနှင့် စိုက်ပညာရှင် ဝန်ထမ်း များသည် ယမန်နေ့၊ မွန်းလွဲပိုင်းက ညောင်ပင်ဇင်ကျေးရွာ ကွင်းအမှတ် (၈၂၇) တောင်သူ ဦးမင်းမင်းသန်း၊ ဦးမြင့်ပိုတို့၏ ဆောင်းမြေပဲဆင်းပဒေသာ(၁၁) စိုက်ခင်းနှင့် ဦးအောင် ကျော်ထွန်း၏ တစ်ပိုင်တစ်နိုင် ဖရဲစိုက်ခင်း(855)မျိုး စိုက်ခင်းသို့ သွားရောက်၍ ပိုးမွှားရောဂါကျ ရောက်မှု ရှိ/ မရှိတို့ကို ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ငပုတောမြို့နယ်၌ မီးဘေးလုံခြုံရေးလုပ်ငန်းများကို သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ် တပ်ဖွဲ့ဝင်များ အပါအဝင် အင်အား ၂၃၀၀ ကျော်ဖြင့် ဆောင်ရွက်နေ
Jan 08,2021
ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်အတွင်း၌ မီးဘေးအန္တရာယ်ကြောင့် ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်များ ပျက်စီး ဆုံးရှုံးမှုများ မဖြစ်ပေါ်စေရန်အတွက် မီးသတဦးစီးဌာန အနေဖြင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ အပါအဝင် အင်အား ၂၃၀၀ ကျော်ဖြင့် မီးဘေးလုံခြုံရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းပန်မြို့တွင် အသက် ၈၅ နှစ်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ကြေးပေးအပ်
Jan 08,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် အသက် ၈၅ နှစ်အထက် သက်ကြီးဘိုးဘွား (၇၉) ဦးအတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေ သုံးသောင်းကျပ်စီကို ယနေ့ နံနက် (၉) နာရီအချိန်မှစ၍ တာဝန်ရှိများမှ နေအိမ်အရောက် သွားရောက် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ကျေးရွာတာ၀န်ခံ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ ရွေးချယ်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ ရှင်းလင်း
Jan 08,2021
ဧရာ၀တီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ရပ်ကွက်သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဆိုင်ရာ နည်းဥပဒေများကို ဒုတိယအကြိမ် ပြင်ဆင်သည့် နည်းဥပဒေနှင့်အညီ ရပ်ကွက်နှင့်ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူး ကျေးရွာတာ၀န်ခံ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ ရွေးချယ်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ ရှင်းလင်းခြင်းကို လပွတ္တာခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့ နံနက် (၁၀) နာရီအချိန်က ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
မိုးညှင်း၌ ငါး(ငါးကြင်းဖြူ)များအား သက်သာသောနှုန်းထားဖြင့် စားသုံးသူလက်ဝယ်အရောက် ဖြန့်ဖြူးရောင်းချပေး
Jan 08,2021
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ် သမဝါယမဦးစီးဌာနမှ ပြည်သူများ ဈေးနှုန်းသက်သက်သာသာဖြင့် ငါးဝယ်ယူစားသုံး နိုင်ရေးအတွက် ယနေ့နံနက်ပိုင်းတွင် အိမ်တိုင်ယာရောက် ၁ ပိဿာ (၈၀၀၀) ကျပ်ဈေးဖြင့် လိုက်လံရောင်းချပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ညောင်တုန်းမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
Jan 08,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ ညနေ ၃ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ချောင်းဦးမြို့နယ် ခရမ်းချဉ်မျိုးစေ့ထုတ် (GAC) ကုမ္ပဏီ၏ မျိုးစေ့အရည်အသွေးကောင်းစေရန် စိုက်ခြံ အရောက် နည်းပညာဖြန့်ဝေခြင်း၊ ဂျုံမျိုးယှဉ်ပြိုင်စမ်းသပ်ကွက် Data ကေ…
Jan 08,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ခင်မွန်စိုက်ပျိုးနည်းပညာ ပြန့်ပွားရေးစင်တာနယ်မြေအတွင်းရှိ ချောင်းဦးတောင်ရပ်ကွက်တွင် ခရမ်းချဉ်မျိုးစေ့ထုတ် ( GAC ) ကုမ္ပဏီ၏ မျိုးစေ့အရည်အသွေးကောင်းစေရန် စိုက်ခြံအရောက် နည်းပညာများ ဖြန့်ဝေခြင်း၊ ဂျုံမျိုးယှဉ်ပြိုင်စမ်းသပ်ကွက် data ကောက်ယူခြင်းနှင့် ဆောင်းသီးနှံစိုက်ခင်းများ ကွင်းအရောက် နည်းပညာပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီ အချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ အဖွဲ့ပိုင်ဈေးများတွင် ဈေးသည်များအားနှာခေါင်းစည်း (Mask)များ တပ်ဆင်ပြီး ဈေးရောင်းချစေရေး အသိပညာပေး လက်ကမ်းစာစောင်များဖြ…
Jan 08,2021
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ ဈေးရောင်း၊ ဈေးဝယ်ပြုလုပ်ရာတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံမှုမရှိစေရေးအတွက် Coronavirus Diseases 2019 (Covid-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့်ဗဟိုကော်မတီ ညှိနှိုင်းအစည်းအဝေး၏ ညွှန်ကြားချက်ဖြင့် ပြည်သူများအား ဈေးများအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက် မခံရစေရေးအတွက် (Mask) တပ်ဆင်ထားခြင်း လက်ဆေးခြင်း နှင့်ပတ်သက်၍ အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယနေ့ နံနက် က စည်ပင်သာယာရေး အဖွဲ့ မှတာဝန်ရှိသူများက ဖြန့်ဝေခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
27810
Page
27811
Page
27812
Page
27813
Current page
27814
Page
27815
Page
27816
Page
27817
Page
27818
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department