Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ဇလွန်မြို့နယ်တွင် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဆိုင်ရာ နည်းဥပဒေများကို ဒုတိယအကြိမ် ပြင်ဆင်သည့် နည်းဥပဒေများနှင့်အညီ အုပ်ချုပ်ရေးမှူး ရွေးချယ်ဆေ…
Jan 08,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်တွင် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဆိုင်ရာ နည်းဥပဒေများကို ဒုတိယအကြိမ် ပြင်ဆင်သည့် နည်းဥပဒေများနှင့်အညီ အုပ်ချုပ်ရေးမှူး ရွေးချယ်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ ရှင်းလင်း ဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်ခန့်တွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ကျောက်ပန်းတောင်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအား တိုင်းဒေသကြီး…
Jan 08,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများတွင် တာဝန်ထမ်းဆောင်လျက် ရှိကြသော အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်းများအား မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့်အလှူရှင်များက ချီးမြှင့်သည့် ဂုဏ်ပြုငွေ များကို ယမန်နေ့ မွန်းလွဲ(၂)နာရီခွဲအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး စကားဝါမြေခန်းမတွင် ပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကိုဗစ်-၁၉ ရောဂါပိုးတွေ့သူနှင့် ထိစပ်သူများအား Quarantine Centre မှနေအိမ်သို့ပြန်ခွင့်ပြုပြီး၊ ထောက်ခံချက်များထုတ်ပေး
Jan 08,2021
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုး အတည်ပြုတွေ့ရှိသူနှင့် အနီးကပ်ထိတွေ့ သူများအား သက်ဆိုင်ရာ (Community Based Facility Quarantine) အ သွားအလာကန့်သတ်စောင့်ကြပ် ကြည့်ရှုထားရှိခဲ့သည့်Quarantine Centre အတွင်းကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက် များနှင့်အညီ စစ်ဆေးမှုများ(၂)ကြိမ်စစ်ဆေးပေးပြီး ရောဂါ လက္ခဏာမတွေ့ရှိရခြင်းနှင့်သတ်မှတ်စောင့်ကြည့်ကာလ ပြည့်မြောက်ပြီဖြစ်သဖြင့် ယမန်နေ့ညနေ ပိုင်းက မိမိနေအိမ်သိုပြန်သွားခွင့်ပြုပြီး တစ်ဦးချင်းစီအား ထောက်ခံ ချက်များ ထုတ်ပေးခဲ့ ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
တနင်္သာရီမြို့နယ်အတွင်းရှိ အလယ်တန်းကျောင်းများအတွက် ကိုဗစ်-၁၉ အကာအကွယ် ပစ္စည်း (၁၁)မျိုးထောက်ပံ့လှူဒါန်း
Jan 08,2021
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်အတွင်းရှိ အခြေခံပညာအလယ်တန်းကျောင်း / အလယ်တန်း ကျောင်း(ခွဲ)နှင့် မူလတန်းလွန်ကျောင်းများ စုစုပေါင်း(၃၈)ကျောင်းအတွက်ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများ လုံလောက်မှု ရှိစေရန် မြိတ်ဒေသ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး အတွက်အထောက်အကူပြုကော်မတီ နှင့်မြိတ်ခရိုင် ကိုဗစ်-၁၉ ကာကွယ်ရေး အရပ်ဘက်ပူးပေါင်း ကော်မတီတို့မှ ယမန်နေ့ နံနက်၁၀နာရီခွဲအချိန်က လက်ဆေးဘေစင်(အပါအဝင်) ကိုဗစ်- ၁၉ ကာကွယ်ရေးပစ္စည်း(၁၁)မျိုးစီ ထောက်ပံ့လှူဒါန်းခြင်းအခမ်းအနားကို တနင်္သာရီမြို့နယ် ပညာ ရေးမှူးရုံးအစည်းအဝေးခန်းမထဲတွင် ကိုဗစ်-၁၉ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ကျင်းပခဲ့ ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
Solar Pump & Accessories (၁၀) စုံဖြင့် ရေပေးဝေသဖြင့် နောင်ခရိုင်ကွင်းရှိ ရေကျနောက်စိုက်စပါးများ အောင်မြင်ဖြစ်ထွန်း
Jan 08,2021
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ရဲသာကျေးရွာအုပ်စု၊ နောင်ခရိုင်ကျေးရွာ၊ နောင်ခရိုင်ကွင်းရှိ ရေကျနောက်စိုက် စပါးများသည် နှစ်စဉ်အောင်ရေ ရရှိရန်ခက်ခဲခဲ့ရာမှ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်) ၏ Solar Pump နှင့် ရေပေး အဆောက်အဦများ တည်ဆောက်မှုပေးမှုကြောင့် ရေကျနောက်စိုက်စပါးများ အောင်မြင်ဖြစ် ထွန်းလျက်ရှိသည်ကို မြင်တွေ့ရသည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူအထူးဒေသရှိ အမျိုးသမီးငယ်များအား သားအိမ်ခေါင်း ကင်ဆာ(HPV) ရောဂါကာကွယ်ခြင်း ထိုးနှံ
Jan 08,2021
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် အမျိုးသမီး ကလေးငယ်များအား သားအိမ်ခေါင်းကင်ဆာနှင့် ပတ်သက်၍ ကြိုတင်ကာကွယ် နိုင်ရန် အတွက် သားအိမ်ခေါင်းကင်ဆာ(HPV)ရောဂါကာကွယ်ဆေး ထိုးနှံခြင်းကို ယမန်နေ့က မြိုင်ကြီးငူအထူးဒေသ ကျေးလက်ကျန်းမာရေးဌာနခွဲ၌ ဆောင်ရွက် ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ပန်းတောင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ တပ်စုအဆင့် ငလျင်ဘေးအန္တရာယ် ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်
Jan 08,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် မီးသတ်ဦးစီးဌာနက တပ်စုအဆင့် ငလျင်ဘေးအန္တရာယ် ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့ နံနက် (၉) နာရီက မြို့ရှေ့အခြေခံပညာအထက်တန်းကျောင်း တွင်ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လွိုင်မွေတောင်စခန်းမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး နှာခေါင်းစည်းများဖြန့်ဝေ
Jan 08,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ လွိုင်မွေကျေးရွာအုပ်စု လွိုင်မွေတောင်စခန်းမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် နှာခေါင်းစည်းများ ဖြန့်ဝေခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
27812
Page
27813
Page
27814
Page
27815
Current page
27816
Page
27817
Page
27818
Page
27819
Page
27820
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department