အမြို့မြို့အနယ်နယ်သတင်းများ

Dec 24,2020
ကရင်ပြည်နယ်၊ ပြည်သူ့ဆေးရုံကြီး(ဘားအံ)၏ ကိုဗစ် ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် ယမန်နေ့က မွန်းလွဲပိုင်းက ပြည်သူ့ဆေးရုံကြီး(ဘားအံ) ဆေးရုံအုပ်ကြီးရုံး ခန်းမ၌ Irrawaddy Green Towers ltd. မှ ကိုဗစ်ကာကွယ်ရေးပစ္စည်းမျိုးစုံကို ပေးအပ်လှူဒါန်းသည်။
Dec 24,2020
နွားထိုးကြီးမြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးမှ မြို့နယ်အတွင်းပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရန်နှင့် ဓာတ်အားပြည့်ဝစွာ သုံးစွဲခွင့်ရရှိစေရန်ရည်ရွယ်၍ ယမန်နေ့နံနက် ၉ နာရီက မြို့နယ်လျှပ်စစ်ဒုတိယအင်ဂျင်နီယာ ဦးစန်းလွင်ထွန်း၏ ဦးဆောင်မှုနှင့် ဝန်ထမ်းများအဖွဲ့က နွားထိုးကြီး-ဝက်လူး ဓာတ်အားပေးခွဲရုံမှ ဖီဒါဖြင့်လျှပ်စစ်ဓာတ်အားအသုံးပြုသော ၃၃-ကေဗွီ ဓာတ်အား လိုင်းတစ်လျောက် ကွင်းဆင်းစစ်ဆေးသွားရောက်ပြီး ကြွေသီးဟောင်းများလဲလှယ်ခြင်း၊ မလွှတ်ကင်းသော သစ်ပင် သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း လုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Dec 24,2020
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ဘောဂလိမြို့ အမှတ်(၂)ရပ်ကွက်ရှိ ဖူးလားခရီးလမ်း အား ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို ဒီဇင်ဘာလ ဒုတိယအပတ်တွင် စတင် ဆောင်ရွက်လျက်ရှိပြီး ယခုအချိန်တွင် (၁၀၀)ရာခိုင်နှုန်းပြီးစီးပြီ ဖြစ်ကြောင်းသိရှိရသည်။
Dec 24,2020
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ နဝရတ်ခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီ က PPE ဝတ်စုံအသုံးပြုနည်း သင်တန်းအား ဖွင့်လှစ်ပို့ချခဲ့ကြောင်း သိရသည်။
Dec 24,2020
အမျိုးသမီးများအပေါ် အကြမ်းဖက်မှုဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက လွိုင်ကော်မြို့နယ် ၊ ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန၌ ပြုလုပ်ခဲ့သည်။
Dec 24,2020
ရန်ကုန်တိုင်းဒေသကြီး၊အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ မြို့နယ် အ တွင်းရှိ အငြိမ်းစားဝန်ထမ်းများအားပင်စင်လစာများကို ဒီဇင်ဘာလ(၂၁)ရက်နေ့ကစတင်၍ ထုတ်ပေးလျက်ရှိရာ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာ ကွယ်ရေး၊ လူစုလူဝေး မဖြစ်ပေါ်စေရေး အတွက် ရပ်ကွက်များမှပင်စင်စားမိဘပြည်သူများအား သတ်မှတ်ရက်များဖြင့် ထုတ်ပေးလျက် ရှိကြောင်း သိရသည်။
Dec 24,2020
၂၀၂၁ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့ (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုသောအားဖြင့် အင်းစိန်မြို့နယ် သတင်းစာဆရာအသင်းက စာအုပ်များလှူဒါန်းသည့် လှူဒါန်းပွဲကို ယမန်နေ့ မွန်းလွဲ (၂)နာရီက ရန်ကုန်မြောက်ပိုင်းခရိုင် အင်းစိန်မြို့နယ်ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ကိုဗစ်ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်လှူဒါန်း ခဲ့သည်။
Dec 24,2020
ရန်ကုန်တိုင်းဒေသကြီး၊တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် မြို့မပိုင်းရပ်ကွက်၌ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားနေသော ကာလအတွင်း ရဟန်းသံဃာတော်နှင့် သီလရှင်ဆရာကြီး၊ ဆရာလေးများ ဆွမ်းအခက်အခဲမဖြစ်ပေါ်စေရေးအတွက် မြို့မနိဗ္ဗာန်ဆော်လူငယ်များ အဖွဲ့မှ ရပ်ကွက်အတွင်း ကုသိုလ်ယူ နှိုးဆော်၍ နေ့စဉ် ဆွမ်းအလှူခံ ထွက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။