Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ဖားဆောင်းမြို့နယ်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း(VDP)မှ (AVIP)ဖြည့်သွင်းနည်း သင်တန်းဖွင့်
Dec 24,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ခု ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး(VDP)စီမံကိန်းမှ (AVIP)ဖြည့်သွင်း နည်း သင်တန်းဖွင့်လှစ်ပို့ ချခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီက အဆိုပါ ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းယောင်းမြို့နယ်တွင် နွေစပါး အထွက်နှုန်းကောင်းရန် ဘောင်စနစ်ဖြင့်ပျိုးထောင်
Dec 24,2020
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ်တွင် နွေစပါး အထွက်နှုန်းကောင်းရန် ဘောင်စနစ်ဖြင့် ပျိုးထောင်ခြင်းကို ယမန်နေ့တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့နယ်အတွင်းရှိ ပဲမြစ်စိုက်ခင်းများ တူးဖော်ရောင်းချ
Dec 24,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ ယာမြေများပိုင်ဆိုင်သည့် တောင်သူများသည် ငရုပ်၊ ကြက်သွန်၊ နနွင်း၊ ပဲ၊ ပြောင်း၊ ဝါ စသည့်သီးနှံမျိုးစုံ စိုက်ပျိုးရောင်းချသည့်အပြင် ဆောင်းတွင်း သားရေစာ ဖြစ်သော ပဲမြစ်များပါ စိုက်ပျိုးရောင်းခြင်းများရှိကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ရှမ်းပြည်နယ်တပ်ရင်းတပ်ဖွဲ့များသို့ ပြောင်းရွေ့တာဝန်ထမ်းဆောင်မည့် ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေး
Dec 24,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းရှိ Facility Quarantine Centre တွင်ထား ရှိသော တိုင်းနှင့်ပြည်နယ်အသီးသီးရှိ တပ်ရင်းတပ်ဖွဲ့များမှ ရှမ်းပြည်နယ်အတွင်းရှိ တပ်ရင်း/ တပ်ဖွဲ့များသို့ ပြောင်းရွှေ့လာသည့် ရဲတပ်ဖွဲ့ဝင်များနှင့်မိသားစုဝင်များအား ယမန်နေ့နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါပိုး ရှိ / မရှိ Swab များရယူ၍ တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံကြီးရှိ ရည်ညွှန်းဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ပိုင်ကျုံမြို့ နောင်ဘိုကြီးကျေးရွာတွင် လူထုဗဟိုပြုစီမံကိန်းမှ ဆောင်ရွက်လျက်ရှိသော ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်း(၄၈)ရာခိုင်နှုန်းပြီးစီး
Dec 24,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ နောင်ဘိုကြီးကျေးရွာတွင် လှိုင်းဘွဲမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ် အကူအညီဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းစီမံကိန်း (တတိယနှစ်စက်ဝန်း) အတွင်း နောင်ဘိုကြီးကျေးရွာ၌ ရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ မိုးလုံလေလုံ အားကစားရုံတည်ဆောက်ရန် ပန္နက်စိုက်ထူခြင်းဆောင်ရွက်
Dec 24,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ပြည်နယ် ရန်ပုံငွေဖြင့် မိုးလုံလေလုံ အားကစားရုံ တည်ဆောက်ရန် ပန္နက်ရိုက်ထူပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီ အချိန်က မြို့နယ်အားကစားကွင်း အားကစားရုံတည်ဆောက်မည့် မြေနေရာတွင် ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပြင်ဦးလွင်မြို့နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးနှင့် ကူးစက်ပြန့်ပွားမှု မရှိစေရေး ကွင်းဆင်းစစ်ဆေး
Dec 24,2020
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးနှင့် ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ရပ်ကွက်/ကျေးရွာ များတွင် ကျန်းမာရေးစစ်ဆေးရေးဂိတ်များကို ဖွင့်လှစ်ထားရှိရာ အဆိုပါ စစ်ဆေးရေးဂိတ်များတွင် ကျန်းမာရေးညွှန်ကြားချက်နှင့်အညီ စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရေးတို့အတွက် ယနေ့နံနက်ပိုင်းက ရောဂါထိန်းချုပ်ရေးကော်မတီမှ တာဝန်ရှိသူများနှင့် လူမှုရေး အသင်းအဖွဲ့များ ပူးပေါင်းကာ ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဒိုက်ဦးမြိုနယ်တွင်ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)မိတ်ဆက်ရှင်းလင်းခြင်းနှင့်ကော်မတီဖွဲ့စည်းခြင်းအခမ်းအနားကျင်းပ
Dec 24,2020
ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ အိမ်ခြေလေးဆယ်ကျေးရွာအုပ်စု၊ ရွာဝိုင်းကြီးကျေးရွာ နှင့်ရွှေအင်ဒုံကျေးရွာအုပ်စု၊ ချင်းစုကျေးရွာတို့တွင ဒီဇင်ဘာလ၂၃ ရက်နေ့ကကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၏ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) မိတ်ဆက် ရှင်းလင်းခြင်းနှင့်ကော်မတီဖွဲ့စည်းခြင်းအခမ်းအနားကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
27886
Page
27887
Page
27888
Page
27889
Current page
27890
Page
27891
Page
27892
Page
27893
Page
27894
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department