အမြို့မြို့အနယ်နယ်သတင်းများ

Dec 23,2020
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် ဆာပါချောင်ကျောင်းစုရပ်ကွက်ရှိ ကန်ဦးကျောင်းတိုက် အတွင်း၌ ဒလ အလင်းတန်းပရဟိတအသင်းမှ မတည်လှူဒါန်းမှုဖြင့် ဗဟုဇနသုခချမ်းသာ ဓမ္မာရုံကြီးတည်ဆောက်ရေးအတွက် ပန္နက်တင်အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက အဆိုပါ ကျောင်းတိုက်အတွင်း ကျင်းပပြုလုပ်ခဲ့သည်။
Dec 23,2020
ပြင်ဦးလွင်မြို့သို့ ခရစ်စ္စမတ်ပွဲတော်နှင့် နိုင်ငံတကာ နှစ်သစ်ကူးနေ့ ကာလရှည် ရုံးပိတ်ရက်များအတွင်း လာရောက်လည်ပတ်မှု မရှိစေရန် စီစဉ်လျက်ရှိကြောင်း ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံးမှ သိရသည်။
Dec 23,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွမ်းလုံမြို့နယ် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ဒေသခံပြည်သူ(၈၉)ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲကို ယနေ့ နံနက်(၁၁) နာရီခွဲအချိန်ခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။
Dec 23,2020
ကိုဗစ်-၁၉ဖြစ်ပွားနေချိန်ကာလအတွင်း ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ မြို့နယ်ပန်းခြံအား ယာယီပိတ်ထား သော်လည်း ပြန်လည်ဖွင့်လှစ်ပါက ခေတ်မီပန်းခြံ တစ်ခုအဖြစ်တည်ရှိစေနိုင်ရေး ပြုပြင်ပြောင်းလဲမှုများအရှိန်အဟုန်မြှင့်ဆောင်ရွက်လျှက်ရှိရာ ယနေ့ နံနက်(၁၀း၃၀)အချိန်ကပန်းခြံအရှေ့ အုတ်ရေမြောင်းတည်ဆောက်နေမှုကို ဆက်လက်လုပ်​ဆောင်နေကြကြောင်း သိရှိရသည်။
Dec 23,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နမ့်ပန်ခန်းမ၌ ယနေ့မွန်းလွဲ (၁)နာရီအချိန် က ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်သော ကိုဗစ်-၁၉ ရောဂါ ကျန်းမာရေး အထောက်အကူပြုပစ္စည်းများကို Volunteer အဖြစ် တာဝန်ထမ်းဆောင်နေကြသော ဌာနဆိုင်ရာဝန်ထမ်းတို့အား ဖြန့်ဝေခဲ့ကြောင်း သိရသည်။
Dec 23,2020
ချင်းရွှေဟော်မြို့၊ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဂိတ်မှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူ အမျိုးသား (၈)ဦး၊ အမျိုးသမီး (၁၂)ဦး စုစုပေါင်းနေရပ်ပြန်ပြည်သူ (၂၀)ဦးအား ချင်းရွှေဟော်မြို့၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ခံ ဆရာဝန်ဒေါက်တာသီဟ နှင့် ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ Rapid Test Kit စနစ်ဖြင့် ယနေ့နံနက် (၁၀)နာရီအချိန် က ပြည်သူ့ဆေးရုံ၌ စစ်ဆေးခဲ့ကြောင်း သိရသည်။
Dec 23,2020
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတ​နော်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဦးဆောင် ဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာ အသိပညာပေး သင်တန်းဆင်း လက်မှတ်ပေးအပ်ပွဲကို ယနေ့ နံနက် ၁၀ နာရီက ဆွတ္တမူ​ကျေးရွာတွင် ပြုလုပ်ခဲ့သည်။
Dec 23,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ယနေ့ နံနက်(၇) နာရီခန့် ကစ၍ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရေး အတွက် မြို့နယ်ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းကော်မတီနှင့် တာဝန်ရှိသူများက မြို့နယ်အတွင်း ရောင်းချ လျက်ရှိသော ဈေးများအား အရှိန်အဟုန်မြှင့် အသိပညာပေး စစ်ဆေးခဲ့ကြသည်။