အမြို့မြို့အနယ်နယ်သတင်းများ

Dec 21,2020
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ လျှပ်စစ် ဓာတ်အားများ လုံလုံလောက်လောက်
Dec 21,2020
ရန်ကုန်တိုင်းဒေသကြီး၊မြောက်ပိုင်းခရိုင်၊အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန် ရည်ရွယ်၍ အင်းစိန်(GTI) Quarantine Center(၂)တွင် ဝင်ရောက်နေသော ပြည်သူ များ (၇)ရက်ပြည့်ပြီး ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရှိ၍ ယမန်နေ့ နံနက်(၁၀)နာရီက (၂၆)ဦး နေအိမ် ပြန်ခွင့်ရရှိကြောင်း သိရသည်။
Dec 21,2020
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ် မီးသတ်ဦးစီဌာနက မြို့နယ်အတွင်းရှိ ပြည်သူများ ပူပြင်းခြောက်သွေ့သောနွေရာသီ ကိုရောက်ရှိလာပြီဖြစ်၍ မီးသုံးစွဲသူများ မီးကို စနစ်တကျ သုံးစွဲစေရန် ယမန်နေ့ ည (၇) နာရီက မီးသတ်ယာဉ်ဖြင့် မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေးအသိပညာပေးခြင်း လုပ်ငန်းများ လိုက်လံအသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
Dec 21,2020
ရန်ကုန်တိုင်းဒေသကြီး၊မြောက်ပိုင်းခရိုင်၊အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှု မရှိစေရန် ရည်ရွယ်၍ အင်းစိန်(GTI) Quarantine Center(၂) အဆောင်များအတွင်းတွင် ယမန်နေ့ နေ့လယ်(၁)နာရီက ကြက်ခြေနီအသင်းခွဲ(အင်းစိန်)မှ တာဝန်ရှိသူများက စုပေါင်း သန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Dec 21,2020
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကြိုတင် ကာကွယ်နိုင်ရေး အတွက် ပြည်သူများပြင်ပထွက်ခွာရာ၌ mask တပ်ဆင်မှုရှိစေရန်အတွက် mask campaign ဆောင်ရွက်ခြင်းကို မြို့နယ်ဌာနဆိုင်ရာများနှင့်လူမှုရေးအဖွဲ့များပူးပေါင်းကာ ယနေ့နံနက် (၉)နာရီ က အမှတ်(၂)ရပ်ကွက်၊လင်းစဒေါင်း ပျံကျဈေးတွင်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Dec 21,2020
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်
Dec 21,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်စည်ပင်သာယာရေးဌာနအနေဖြင့် မြို့နယ်တွင်းစည်ပင်သာယာလှပရေးလုပ်ငန်းများ ၊ပြည်သူများသွားလာမှု လွယ်ကူစေရေးနှင့် ကုန်စည်စီးဆင်းမှု လွယ်ကူမြန်ဆန်စေရေးအတွက် လမ်းများအား အဆင့်မြှင့်တင်ပေးလျက်ရှိရာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ်(၅၄၅)သိန်းဖြင့် နဝေဒေးလမ်းအား အရှည်(၁၀၀၀)ပေ၊ အကျယ်(၁၈)ပေ၊ ထု(၉)လက်မရှိသော နဝေဒေးလမ်းမြေသားမှ ကတ္တရာခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။