အမြို့မြို့အနယ်နယ်သတင်းများ

Dec 09,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများကလူစည်ကားရာနေရာများနှင့် မြို့မစျေးအတွင်းသို့သွားရောက်၍ နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းကဖြန့်ဝေပေးခဲ့သည်။
Dec 09,2020
မူးယစ်ဆေးဝါး အန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ( Talk Show )ကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဖလမ်းခရိုင်ရုံး Community Centre ခန်းမ၌ ပြုလုပ်သည်။
Dec 09,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ပင်လည်ဘူးမြို့၌ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်‌ရေးအတွက် လမ်းသွားလမ်းလာ ပြည်သူများအား နှာခေါင်းစည်း mask campaign ပြုလုပ်‌ခြင်းကို ယမန်နေ့ ညနေ ၃ နာရီအချိန် မြို့ပေါ်ရပ်ကွက် လမ်းဆုံ လမ်းခွများနှင့် ပင်လည်ဘူး-ဖောင်းပြင်သွား အင်ကုန်းမူးတံတား ထိပ်တို့တွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
Dec 09,2020
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကုန်းဇောင်းတိုက်နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေးပြုစု စောင့်ရှောက်မှုလုပ်ငန်းများ အဆင်ပြေစွာ ကုသဆောင်ရွက်ပေးနိုင်ရေးအတွက်
Dec 09,2020
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ပြည်ပမှပြန်လည်ဝင်ရောက်လာသူများအနေဖြင့် ကန့်သတ်စောင့်ကြည့်ရေး စခန်းများ စီစဉ် ဆောင်ရွက်ပြီး စောင့်ကြည့်လျှက်ရှိရာ မြိုင်ကြီးငူအထူးဒေသ နန်းသီလာမြိုင် ကန့်သတ် စောင့်ကြည့်ရေးစခန်းမှ ၁၄ ရက် ပြည့်မြောက်သူ(၃၉)ဦးအား အသိအမှတ ်ပြုကတ်ပြားများ ထုတ်ပေးကာ ယမန်နေ့က မိမိနေအိမ်သို့ ပြန်လည်စေလွှတ် ပေးခဲ့ကြောင်း သိရှိရသည်။