အမြို့မြို့အနယ်နယ်သတင်းများ

Dec 09,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆက်လက်လုပ်ဆောင်လျက်ရှိရာ ယမန်နေ့ညနေ (၄)နာရီ မြို့နယ်ဌာနဆိုင်ရာများ ပါဝင်သည့် ပူးပေါင်းအဖွဲ့မှ မြို့နယ်ရပ်ကွက်များအတွင်း ရောဂါကာကွယ်ထိန်းချုပ်ရေး အသိပညာပေးခြင်း လုပ်ငန်းများ လှည့်လည် ဆောက်ရွက်ခဲ့ကြောင်း သိရသည်။
Dec 09,2020
ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့၌ အမျိုးသားအောင်ပွဲနေ့ နှစ်တစ်ရာပြည့် အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်အတွဲ(၄)၊ အမှတ်(၇) ကိုမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့နံနက်ပိုင်းတွင် ပြည်သူများထံသွားရောက်ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
Dec 09,2020
ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့သမဝါယမဦးစီးဌာနစည်းအဝေး ခန်းမတွင် ယမန်နေ့နေ့လည်ပိုင်းအချိန်က EXAM ဘဏ်ချေးငွေများမှ ချေးငွေအ‌ပေါ်အတိုးများပြန်လည်ကောက်ခံရေး အခြေခံသမဝါယမ အသင်းသားများ နှင့်တွေ့ဆုံ ညှိနှိုင်းဆွေးနွေးခဲ့ကြောင်းသိရသည်။
Dec 09,2020
မြန်မာပြည်သူတစ်ရပ်လုံးကို အမျိုးသားရေးစိတ်ဓာတ်ကိုနှိုးဆော်ပေးခဲ့သည့် အမျိုးသားအောင်ပွဲနေ့သည် (၂၀၂၀)ပြည့်နှစ် တန်းဆောင်မုန်းလပြည့်ကျော် (၁၀)ရက်နေ့ ယနေ့တွင် နှစ်(၁၀၀)ပြည့်မြောက်ခဲ့ပြီ ဖြစ်ပေရာ အမျိုးသားအောင်ပွဲနေ့ အသိပညာပေး သတင်းစကားလက်ကမ်းစာစောင်ကို မြိတ်မြို့တွင် ပြည်သူများအား အမျိုးသားအောင်ပွဲနေ့ ဒီဇင်ဘာ(၉)ရက် နံနက်ပိုင်း၌ ဖြန့်ဝေပေးခဲ့သည်။
Dec 09,2020
ဟားခါးမြို့တွင် Art Generation ပန်းချီပြပွဲကို ဒီဇင်ဘာ ၁၁ ရက်နေ့ နံနက် ၁၀နာရီအချိန်မှ စ၍ ဟားခါးမြို့ Amazon ကိုယ်ပိုင်ကျောင်း၌ စတင်ကျင်းပသွားမည် ဖြစ်ကြောင်း သိရှိရသည်။
Dec 09,2020
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုမှ ကာကွယ်ထိန်းချုပ်နိုင်ရန်နှင့် အိမ်ပြင်ထွက်သူတိုင်း ပါးစပ်၊ နှာခေါင်းစည်းတပ်ဆင်‌စေရန်ရည်ရွယ်၍ Mask Campaign ကို ယနေ့ နံနက် ၈ နာရီက (၂၈) ရပ်ကွက်နှင့် (၂၉) ရပ်ကွက်တို့တွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။