အမြို့မြို့အနယ်နယ်သတင်းများ

Dec 09,2020
ရှမ်းပြည်နယ်၊ (အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့၌ ၂၀၂၀ ပြည့်နှစ်၊ နှစ်တစ်ရာပြည့် အမျိုးသား အောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်များကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက ယနေ့နံနက် ၆ နာရီခွဲက လူစည်ကားရာနေရာများတွင် အခမဲ့ဖြန့်ဝေ ပေးခဲ့သည်။
Dec 09,2020
ကရင်ပြည်နယ် ၊ ဘားအံခရိုင် ၊ သံတောင်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော ရွှေညောင်ပင် ကျေးရွာ မြစိမ်းရောင်စီမံကိန်းရန်ပုံငွေတွင် အသင်းသား(၁၀၉)ဦးအား ကျပ်သိန်း (၄၀၀)ထုတ် ချေးပေးခဲ့ရာ ၂၀၂၀ပြည့်နှစ် ၊ ဒီဇင်ဘာလအတွင်း ချေးငွေများ ပြန်လည် ပေးဆပ်ရမည်ဖြစ်သည့်အတွက် ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ကျေးလက်ဦးစီးဌာနမှ ဒုတိယဦးစီးမှူးဒေါ်အေးသန္တာမြင့် နှင့် ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Dec 09,2020
ကရင်ပြည်နယ်၊မြဝတီမြို့တွင် အမှတ်(၄) ရပ်ကွက် မေတ္တာ(၃)လမ်းရှိ ဦးကြည်လွင်၏ အုတ်ခံ၊ ပျဉ်ခင်း၊ ပျဉ်ကာ၊ သွပ်မိုး(၂) ထပ်နေအိမ်တစ်လုံး မီးအားမြှင့်စက် အပူလွန်ကဲပြီး ဒီဇင်ဘာ ၇ ရက်နေ့ ည ၁၀ နာရီအချိန်က ဖြစ်ပွားခဲ့သောမီးလောင်မှုကြောင့် မီးဘေးသင့်ခဲ့သောအိမ်ထောင်စုအား ထောက်ပံ့ငွေများနှင့် ပစ္စည်းများကို ယနေ့ မွန်းလွှဲပိုင်းအချိန်က သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်းသိရသည်။
Dec 09,2020
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ထုတ်ဝေသည့် ၂၀၂၀ပြည့်နှစ်၊ နှစ်(၁၀၀) ပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကိုယနေ့ နံနက်ပိုင်းက တပ်ကုန်းမြို့မဈေး အတွင်း/အပြင် ဈေးရောင်း၊ ဈေးဝယ် ပြည်သူများအား တပ်ကုန်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်း များက သွားရောက်၍ (အခမဲ့)ဖြန့်ဝေပေးခဲ့သည်။
Dec 09,2020
ဟားခါးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ ကိုယ်ပိုင်အသက်မွေး ဝမ်းကျောင်း အတွက် ကိုယ်ပိုင်အလုပ်အကိုင်နှင့်ဝင်ငွေရရှိစေရေး ရည်ရွယ်၍ ဒီဇင်ဘာလမှ စတင်၍ ဆိုင်ကယ်ပြုပြင်ရေးသင်တန်းဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်းသိရှိရသည်။
Dec 09,2020
မန္တလေးတိုင်းဒေသကြီး ၊ မလှိုင်မြို့နယ်ပညာရေးဌာနမှ ကျောင်းဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေ ဒုတိယအကြိမ် ထုတ်ပေးခြင်းကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များနှင့်အညီ မလှိုင်မြို့ရပ်ကွက်ကြီး (၁) နယ်မြေရှိ မူလွန်ကျောင်း၌ ယမန်နေ့က ဖြန့်ဝေပေးခဲ့ကြောင်းသိရသည် ။
Dec 09,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့တွင် ၂၀၂၀ ပြည့်နှစ်၊ နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် အတွဲ(၄)အမှတ်(၇) သတင်းစကား လက်ကမ်းစာစောင်များကို၊ မြို့မဈေးနှင့် တံစိုးလမ်းဆုံ၊ရဲစုမြို့ပတ်လမ်းဆုံတို့တွင်ယနေ့နံနက် ၈ နာရီက ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
Dec 09,2020
ကချင်ပြည်နယ်၊ မြစ်ကြီနားခရိုင်၊ ချီဖွေမြို့စည်ပင်သာယာစျေးအတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး စစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနက ဆောင်ရွက် ခဲ့သည်။