အမြို့မြို့အနယ်နယ်သတင်းများ

Dec 09,2020
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှထုတ်ဝေသည့် ၂၀၂၀ ပြည့်နှစ် နှစ်တစ်ရာပြည့် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ်သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက်(၈)နာရီက မန္တလေးတိုင်း ဒေသကြီး၊ မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက လူစည်ကားရာ နေရာများနှင့် မြို့မစျေးအတွင်း သွားရောက်၍ အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
Dec 09,2020
​မော်လမြိုင်ခရိုင်၊ ကျိုက်မ​ရောမြို့နယ်တွင် ​ဒေါ်ခင်ကြည်​ဖောင်​ဒေးရှင်းမှ ​ဆောက်လုပ်လှူဒါန်း​ခဲ့​သော တစ်ထပ်​ကျောင်း​ဆောင်သစ်အား ပညာ​ရေးဝန်ကြီးဌာနသို့ လွှဲ​ပြောင်း​ပေးအပ်ပွဲအခမ်းအနားကို ယမန်​နေ့ည​နေ ၃နာရီက ကျိုက်မ​ရောမြို့​နယ်၊​ရေပူ​ကော့စပ်​ကျေးရွာ အ​ခြေခံပညာအလယ်တန်း​ကျောင်း ​ကျောင်း​ဆောင်သစ်၌ ပြုလုပ်ခဲ့သည်။
Dec 09,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ အင်ဂျန်းယန်မြို့နယ်၊ အင်ဝိုင်းကောင်ကျေးရွာအုပ်စု၊ အင်လော့ဒ်ယန်ကျေးရွာ မိုင်လီကောင်ကွင်းတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ၂၀၂၀- ၂၀၂၁ ဘဏ္ဍာနှစ်၊ ခွင့်ပြုရန်ပုံငွေ ကျပ်သန်း (၇၀)ဖြင့် အင်ဂျန်းယန်မြို့နယ် ဒေသခံပြည်သူများအတွက် ဥယျာဉ်ခြံမြေဧက (၂၀၀) ဖော်ထုတ်သွားမည်ဖြစ်ကြောင်း စက်မှုလယ်ယာဦးစီးဌာန ဦးစီးအရာရှိ ဦးတင်မောင်ထွန်းထံမှ သိရှိရသည်။
Dec 09,2020
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ၂၀၂၀ ပြည့်နှစ်၊ တန်ဆောင်မုန်းလပြည့် ကျော် (၁၀)ရက်နေ့တွင် ကျရောက်သည့် နှစ်တစ်ရာပြည့် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင် အတွဲ(၄)၊ အမှတ်(၇)ကို ယနေ့နံနက်ပိုင်းက မြို့မဈေးနှင့် လူစည်ကားရာနေရာကမ်းနားလမ်းတို့တို့တွင် အခမဲ့လိုက်လံဖြန့်ဝေ ခဲ့ကြကြောင်း သိရသည်။
Dec 09,2020
လွိုင်ကော်မြို့နယ်အတွင်း လယ်ယာမြေပေါ်တွင် ခွင့်ပြုချက်မရှိဘဲ အခြားနည်းလမ်းသုံးစွဲနေမှုများအား အရေးယူဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက လွိုင်ကော်မြို့ ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Dec 09,2020
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်း၍ ၂၀၂၀ ပြည့်နှစ် ၊ ယနေ့ ကျရောက် သည့် နှစ်(၁၀၀)ပြည့်အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသိပညာပေး Talk Show ဆွေးနွေးပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင် ၊ လူထု အခြေပြုဗဟိုဌာန၌ ဆောင်ရွက်ခဲ့သည်။