အမြို့မြို့အနယ်နယ်သတင်းများ

Dec 08,2020
၂၀၂၀ ပြည့်နှစ် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များကို ပြည်ခရိုင် ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးဝန် ထမ်းများက ယနေ့ နံနက်ပိုင်းတွင် ပြည်မြို့ မြို့မစည်ပင်သာယာစျေးကြီးနှင့် လူစည်ကားရာ ကားဂိတ်များနှင့် အနှေးယာဉ် ဂိတ်များရှိ ပြည်သူများထံ လက်ဝယ်အရောက် အခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။
Dec 08,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၌ ဆင်းသုခမျိုးကောင်း မျိုးသန့် မိုးစပါးစံကွက်ရိတ်သိမ်းခြင်းကို ယမန်နေ့က နောင်ဘိုကြီး ကျေးရွာရှိ တောင်သူဦး၀င်းကြိုင်၏ လယ်မြေတွင် ဆောင်ရွက် ခဲ့ကြောင်း သိရှိရသည်။
Dec 08,2020
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ ဟိုမိန်းမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန(ရုံးချုပ်)မှ ထုတ်ဝေသည့် ၂၀၂၀ပြည့်နှစ် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင် အတွဲ(၄) အမှတ်(၇)ကို ဟိုမိန်းမြို့ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ယနေ့ နံနက်ပိုင်းက ဟိုမိန်းဈေးအတွင်းနှင့် မြို့ပေါ်ရပ်ကွက်များတွင် လိုက်လံဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
Dec 08,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ပြည်သူ့ဆေးရုံသို့ ရာသက်ပန်ဆေးပဒေ သာပင် ငွေကျပ်သိန်း(၁၀၀)စိုက်ထူပွဲကို ယနေ့နံနက် ၁၀ နာရီအချိန် အရေးပေါ်ဌာန၌ ကျင်းပခဲ့ သည်။
Dec 08,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့တွင် ၂၀၂၀ပြည့်နှစ်၊ ဒီဇင်ဘာ(၉)ရက် နေ့တွင် ကျရောက်မည့် နှစ်(၁၀၀)ပြည့် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆို ဂုဏ်ပြုသော အားဖြင့် အမျိုးသားအောင်ပွဲနေ့ အကြောင်းသိကောင်းစရာများ (Talk Show) ဆွေးနွေးပွဲကို ယနေ့နံနက်(၉)နာရီ အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့ စာကြည့်တိုက် Community Centre ခန်းမ၌ Online မှတစ်ဆင့် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
Dec 08,2020
၂၀၂၀ပြည့်နှစ်၊ နှစ်(၁၀၀)ပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေး Talk Show ဆွေးနွေးခြင်း ကို ကျိုင်းတုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre) လူထုအခြေပြုဗဟိုဌာန၌ ယနေ့ နံနက် ၁၀ နာရီက ပြုလုပ်ခဲ့သည်။
Dec 08,2020
ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် နမ္မတူမြို့နယ်အတွင်းရှိ စားသောက်ဆိုင်၊ လက်ဖက်ရည် ဆိုင်များအား (Take away) စနစ်ဖြင့် ရောင်းချခြင်း ရှိ/မရှိ ရှောင်တခင်ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့ နံနက် (၉)နာရီ အချိန်ခန့်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၌ ဆောင်ရွက် ခဲ့ပါသည်။
Dec 08,2020
၂၀၂၀ ပြည့်နှစ် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနက ထုတ်ဝေသော သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့ နံနက် တွင် သန်လျင်မြို့နယ်၌ ခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဈေးများ၊ ကယ်ရီဂိတ်၊ ကားဂိတ်များ လမ်းသွား လမ်းလာများအား ဖြန့်ဝေ ပေးခဲ့သည်။