အမြို့မြို့အနယ်နယ်သတင်းများ

Dec 08,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးခန်း၌ မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ကျင်းပခဲ့သည်။
Dec 08,2020
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ ကိုဗစ်-၁၉ရောဂါ ကာလအတွင်း ပြည်သူများ ကျန်းမာကြံ့ခိုင်ပြီး ရောဂါကာကွယ်နိုင်ရေးအတွက် ကျန်းမာရေး အသိပညာပေး လှုံ့ဆော်ရေး ပိုစတာများကို ယမန်နေ့ မွန်းလွဲ ၄နာရီက မြို့အတွင်းရှိ လမ်းများတွင် ချိတ်ဆွဲခဲ့ကြောင်း သိရသည်။
Dec 08,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ရှိ ကျေးလက်ကျန်းမာရေးဌာနသည် မြို့အတွင်းရှိ ဒေသ နေပြည်သူများ ကျန်းမာရေးအသိပညာဗဟုသုတရရှိစေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန် ရည်ရွယ်၍ ယမန်နေ့က ရှမ်းရွာသစ်မြို့ မဲလောခီး‌ကျေးရွာအုပ်စုရှိ ဝါးမီးကလားကျေးရွာတွင် အသက်နှစ် နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်အား ပုံမှန်ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
Dec 08,2020
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် လုံခြုံရေး စစ်ဆေးခြင်းလုပ်ငန်း များကို စစ်ဆေးရေးဂိတ်များဖြင့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များမှ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။
Dec 08,2020
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် မီးသတ်ဦးစီးဌာနနှင့်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ပြည်သူများအနေဖြင့် ပွင့်လင်းရာသီ ရောက်လာပြီးဖြစ်၍ မီးဘေးအန္တရာယ်များ ကြိုတင်ကာကွယ်နိုင်ရန် အတွက် ရည်ရွယ်၍ ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ညနေပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Dec 08,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင် အတွဲ(၄) အမှတ်(၇)ကို ဖျာပုံမြို့နယ် မြောက်ပိုင်စျေး၌ ယနေ့နံနက် (၉)နာရီခွဲက ဖြန့်ဝေခဲ့ကြသည်။