Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မြဝတီမြို့ အမှတ်(၄)ရပ်ကွက်ရှိ နေအိမ်တစ်လုံး မီးအားမြှင့်စက်အပူလွန်ကဲပြီး မီးလောင်မှု ဖြစ်ပွား
Dec 08,2020
ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်၊ မေတ္တာ(၃)လမ်းရှိ ဦးကြည်လွင်၏ အုတ်ခံ၊ ပျဉ်ခင်း၊ ပျဉ်ကာ၊ သွပ်မိုး (၂)ထပ် နေအိမ်တစ်လုံး မီးအားမြှင့်စက် အပူလွန်ကဲပြီး ယမန်နေ့ည ၁၀ နာရီခန့်က မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်းဘွဲမြို့နယ် လှိုင်ကော့ဖျာကျေးရွာတွင် ကျေးလက်နေပြည်သူများ သွားလာမှု အဆင်ပြေစေရန်အတွက် ရွာတွင်းကွန်ကရစ်လမ်းခြင်း ဆောက်ရွက်
Dec 08,2020
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ်အကူအညီဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ကဒီကံအုပ်စု လှိုင်ကော့ဖျာ ကျေးရွာတွင် ကျေးလက်နေပြည်သူများ သွားလာမှု အဆင်ပြေစေရန်အတွက် ရွာတွင်းကွန်ကရစ် လမ်းခင်းခြင်း လုပ်ငန်းကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ညောင်လေးပင်မြို့တွင် ၂၀၂၀ ပြည့်နှစ်၊ နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များဖြန့်ဝေ
Dec 08,2020
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ညောင်လေးပင်မြို့တွင် ၂၀၂၀ ပြည့်နှစ်၊ နှစ်တစ်ရာပြည့် အမျိုးသား အောင်ပွဲနေ့အထိမ်းအမှတ် အဖြစ် သတင်းစကား လက်ကမ်းစာစောင်အတွဲ(၄)၊ အမှတ်(၇)ကို မြို့မ ဈေးနှင့် ပျံကျဈေးတို့၌ ယနေ့ နံနက်ပိုင်းက ဖြန့်ဝေ ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းကိုင်မြို့နယ်၌ နှာခေါင်းစည်းတပ်ဆင်ရေး Mask Campaign ဆောင်ရွက်
Dec 08,2020
ရှမ်းပြည်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ကာကွယ်ကုသရေး အထူးဂရုပြု ဆောင်ရွက်လျက်ရှိပြီး အိမ်အပြင်ထွက်တိုင်း နှာခေါင်းစည်းများ တပ်ဆင်ရေးကို လှုံ့ဆော်သည့် အနေဖြင့် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်ကုသရေးကော်မတီနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့က ပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီက အမှတ်(၄)ရပ်ကွက်ရုံးရှေ့၌ Mask Campaign တစ်ရပ် ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရေဖြူမြို့နယ်တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာ သုံးဦး ဆေးရုံမှ ဆင်းခွင့်ရ
Dec 08,2020
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ပိုးတွေ့လူနာ သုံးဦးသည် ကျန်းမာရေးကောင်းမွန်ပြီဖြစ်၍ နိုဝင်ဘာ ၆ ရက်နေ့က ဆေးရုံမှ ဆင်းခွင့်ပြုပြီဖြစ်ကြောင်း ရေဖြူမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
၂၀၂၀ ပြည့်နှစ် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ
Dec 08,2020
လွိုင်လင်မြို့နယ်၊ ပင်လုံမြို့တွင် ၂၀၂၀ ပြည့်နှစ် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့ နံနက်(၁၀)နာရီအချိန်က လူစည်ကားရာနေရာများတွင် အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တကောင်း၌ ထီးချိုင့်မြို့မှ ကိုဗစ်-၁၉ ပိုးတွေ့ရှိသူနှင့် ကားအတူစီး ထိစပ်ခဲ့သူ (၉)ဦးအား သီးသန့်ထားရှိကာ ကျန်းမာရေးစောင့်ကြည့်
Dec 08,2020
ထီးချိုင့်မြို့မှ ကိုဗစ်-၁၉ ပိုးတွေ့ရှိသူနှင့် မန္တလေးမှအပြန် ကားအတူစီးထိစပ်ခဲ့သူ အသက် (၅၅)အရွယ် အမျိုးသမီးနှင့်၎င်း၏အတူ နေလုပ်ဖော်ကိုင်ဖက် (၉) ဦးအားယနေ့နံနက်ပိုင်းမှစ၍ တကောင်း တိုက်နယ်၊ အင်းနက် အုပ်စု၊ မြိုင်သာယာကျေးရွာ အလက(ခွဲ) စာ သင် ကျောင်း၌ Facility Quarantine Centre ပြုလုပ်၍သီး သန့်ထား ရှိပြီး ကျန်းမာရေးစောင့်ကြည့် မှုများပြုလုပ်လျှက်ရှိကြောင်း သိရ သည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ပန်းတောင်းမြို့တွင် ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်များအား RDT Test Kit ဖြင့် စစ်ဆေးရာမှ အုတ်သယ်ကားယာဉ်မောင်း(၁)ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ
Dec 08,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ကောင်းမွန်တိုးဂိတ်အနီးရှိ ယာယီစစ်ဆေးရေးစခန်းမှ နေ၍ မြို့နယ်အတွင်းဝင် ရောက်မည့် ကုန်တင်ယာဉ်များမှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များကို ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ RDT Test Kit ဖြင့် စစ်ဆေးလျှက်ရှိရာ၊ ဒီဇင်ဘာ(၇)ရက်နေ့ က အုတ်သယ်ကား ယာဉ်မောင်း(၁)ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
28042
Page
28043
Page
28044
Page
28045
Current page
28046
Page
28047
Page
28048
Page
28049
Page
28050
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department