အမြို့မြို့အနယ်နယ်သတင်းများ

Dec 08,2020
ကျွန်ပညာရေးစနစ် ဆိုးကြီးကို ကန့်ကွက်သပိတ်မှောက်သည့် ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၅ ရက် မြန်မာသက္ကရာဇ် ၁၂၈၂ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့မှ စတင်ခဲ့သော အမျိုးသားအောင်ပွဲနေ့သည် နှစ်တစ်ရာတိုင်ခဲ့ပြီဖြစ်ရာ ၂၀၂၀ပြည့်နှစ် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးမှ ထုတ်ဝေသော သတင်းစကား လက်ကမ်းစာစောင်များအား အများပြည်သူများ လေ့လာ ဖတ်ရှုနိုင်စေရန် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဌာနဆိုင်ရာများ၊ ခရီးသွားပြည်သူများ၊ စျေးရောင်းစျေးဝယ်များ၊ ဆိုက်ကားဂိတ်များ၊ ကားမှတ်တိုင်များတွင် ပြည်သူများ လက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
Dec 08,2020
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ​​​ဖြူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ၂၀၂၀ ပြည့်နှစ် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်များ ဖြန့်ဝေခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က လူစည်ကားရာ နေရာများဖြစ်သည့် မြို့မ​စျေးပဲခူးလမ်းတို့တွင် ပြည်သူများထံ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
Dec 08,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်အတွင်း တရားဥပဒေစိုးမိုးရေး နယ်မြေအေးချမ်းလုံခြုံရေး၊ မှုခင်းများလျော့နည်းကျဆင်းရေးနှင့် ပြည်သူများ စိတ်အေးချမ်းသာစွာ နေထိုင်နိုင်ရေးအတွက် မြို့နယ်ရဲတပ်ဖွဲ့မှ ညစဉ်လှည့်ကင်းများ၊ ယာဉ်စစ်ဆေးခြင်းများကို ဆောင်ရွက် လျက်ရှိရာ ယမန်နေ့ ည ၁၀ နာရီခွဲက ရွှေပေါက်ကံနယ်မြေ စခန်းမှ စခန်းမှူး ရဲအုပ် ကျော်စွာဝင်းဦးစီး ၍(၅) ဦး၊ (၂၂)ရပ်ကွက် ရာအိမ်မှူး ဦးကျော်ထွေးနှင့် အဖွဲ့ဝင်(၅) ဦးတို့ ပါဝင်သော ပူးပေါင်းအဖွဲ့မှ ရွှေပေါက်ကံမြို့သစ်(၂၂)ရပ်ကွက် ညောင်ရမ်းလမ်းမကြီးပေါ်တွင် ယာဉ်စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Dec 08,2020
သဲကုန်းမြို့နယ် အတွင်းသို့ ရန်ကုန်တိုင်းဒေသကြီးမှ ပြန်လာသူများကို တင်ဆောင်လာသည့် မော်တော်ယာဉ်များအား ယမန်နေ့က သဲကုန်းမြို့နယ် ကိုဗစ်ကော်မတီမှ တာဝန်ရှိသူများ၊ မြို့နယ် မော်တော်ယာဉ်လိုင်းများ ကြီးကြပ်ရေးအဖွဲ့မှ တာဝန်ရှိသူများက တားဆီးစစ်ဆေးကာ ရန်ကုန်တိုင်း ဒေသကြီးမှ ပြန်လာသူများကို ခွင့်ပြုချက်မရှိဘဲ တင်ဆောင်လာခြင်း မပြုရန်နှင့် နောက်နောင်တင် ဆောင်လာခြင်းပြုပါကတည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတိပေး တားမြစ်ခဲ့ကြောင်း သိရသည်။
Dec 08,2020
ပြည်သူများ အသိပညာဗဟုသုတရရှိစေရန်နှင့် အမျိုးသားရေးစိတ်ဓာတ်များရှင်သန်ထက်မြက် စေရန်ရည်ရွယ်၍ ၂၀၂၀ ပြည့်နှစ်၊ နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်း စကားလက်ကမ်းစာစောင်များကို ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာန ဝန်ထမ်းများက ယနေ့နံနက်ပိုင်းမှစတင်၍ အခမဲ့ဖြန့်ဝေပေးခဲသည်။
Dec 08,2020
၂၀၂၀ ပြည့်နှစ် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များကို လူစည်ကားရာ‌ နေရာများ၌ ဖြန့်ဝေခြင်းနှင့် (Mask Campaign) ပြုလုပ်ခြင်းကို ယ‌နေ့ နံနက်(၈)နာရီ အချိန်က ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ် ဗိုလ်ထွန်းစံရပ်ကွက်နှင့် မြို့သစ် ရပ်ကွက် များရှိ လူစည်ကားရာနေရာများ၊ ဈေးများ၊ အနှေးယာဉ်ဂိတ်များတွင် ပြည်သူများလက်ဝယ် အရောက် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
Dec 08,2020
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန က ဦးစီးထုတ်ဝေသည့် ၂၀၂၀ ပြည့်နှစ်၊ နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များအား ယနေ့နံနက် (၁၀)နာရီက မိုင်းရယ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ပြည်သူ့စာကြည့်တိုက်၊ စျေးများ၊ ပြည်သူများထံ လိုက်လံဖြန့်ဝေခဲ့ပါသည်။