အမြို့မြို့အနယ်နယ်သတင်းများ

Dec 08,2020
Stay at home ကာလအတွင်း ပြည်သူများ နေအိမ်ပြင်ပသို့ မဖြစ်မနေကိစ္စများမှလွဲ၍ သွားလာခြင်းမပြု ရန် ပြည်သူများ လိုက်နာစေရန်အတွက် အသိပညာပေးဆောင်ရွက်ခြင်းကို လမ်းမတော်မြို့နယ်တွင် ယနေ့ နံနက်ပိုင်းက မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ တာဝန် ရှိသူများ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ ယာဉ်ထိန်း တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး များမှ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
Dec 08,2020
မွန်ပြည်နယ် မော်လမြိုင်ခရိုင် ရေးမြို့နယ် လမိုင်းမြို့၌ လူတိုင်းအကျုံးဝင် အဆောက်အဦ ဒီဇိုင်းများ ပေါ်ပေါက်ရေး မသန့်စွမ်းမှုဆိုင်ရာ ပညာပေးဟောပြောပွဲ အခမ်းအနားကို လမိုင်းမြို့ အ.ထ.ကကျောင်း တေဇဆောင်ခန်းမ၌ ယမန်နေ့နံနက် (၉)နာရီ၌ကျင်းပပြု လုပ်ခဲ့သည်။
Dec 08,2020
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် နတ်တလင်းမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီး​​ကျောင်းတိုက်များ အတွင်း သီတင်းသုံးနေထိုင်၍ သာသနာ့တာဝန်ထမ်းဆောင်လျက်ရှိသော သီလရှင်ဆရာကြီး ဆရာလေးများအား ဆွမ်းဆန်တော်နှင့် အခြားလှူဘွယ်ဝတ္တုပစ္စည်းများ လှူဒါန်းခြင်းကို ဒီဇင်ဘာ ၇ ရက်နှင့် ၈ ရက်နေ့များတွင် ကျင်းပပြုလုပ်ခဲ့သည်။
Dec 08,2020
ရန်ကုန်မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်စစ်ဆေးရေးဂိတ်တွင် တာဝန်ကျ ကျန်းမာရေး တာဝန်ရှိသူများက မော်တော်ယာဉ် (၁၈၄)စီးမှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့ကို ကိုဗစ်-၁၉ ဓာတ်ခွဲ စစ်ဆေးခြင်း၊ ပိုးတွေ့သူများနေထိုင် သည့် ရပ်ကွက်များတွင် ပိုးသတ်ဆေးများဖြန်းခြင်း၊ အမှိုက်များကို ပိုးသတ်ပြီးစနစ်တကျ စွန့်ပစ်ခြင်းတို့ကို ပရဟိတအဖွဲ့များက ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Dec 08,2020
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက ၂၀၂၀ပြည့်နှစ် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက်(၉:၀၀)နာရီအချိန်တွင် ဘိုကလေးဈေးနှင့် လင်းစဒေါင်းပျံကျဈေးများတွင် ဖြန့်ဝေခဲ့ကြောင်း သိရသည်။
Dec 08,2020
၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ(၉)ရက်နေ့တွင် ကျရောက်သည့် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ် အတွင်းရှိ ပြည်သူများ ကျယ်ကျယ် ပြန့်ပြန့်သိရှိလာစေရန် ရည်ရွယ်၍ ယနေ့ နံနက်(၁၀)နာရီက လူစည် ကားရာနေရာဖြစ်သော ဈေး၊ ကားဂိတ်နှင့် ဆိုက်ကားဂိတ် နေရာများတွင် အခမဲ့ဖြန့်ဝေပေးခဲ့သည်။
Dec 08,2020
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ ဆင်ခေါင်းကျေးရွာတွင် ဆောင်း ကုလား ပဲသီးနှံ စံပြကွက်အဖြစ် တောင်သူ ဒေါ်သန်းဌေး၏ ယာမြေ (၅)ဧကတွင် ယမန်နေ့ နံနက်ပိုင်းက ရေဆင်း (၆) ကုလားပဲမျိုး စိုက်ပျိုးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။