အမြို့မြို့အနယ်နယ်သတင်းများ

Dec 08,2020
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများမှ တန်ဆောင်မုန်းလဆုတ် ၁၀ ရက်နေ့၊ ဒီဇင်ဘာလ ၉ ရက်နေ့တွင် ကျရောက်မည့် ၂၀၂၀ ပြည့်နှစ် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များအား ယမန်နေ့ နံနက် ၉ နာရီမှစ၍ မြို့မဈေးကြီး အတွင်း ဈေးရောင်း၊ ဈေးဝယ်သူ များ၊ ဆိုက္ကားဂိတ်၊ ဆိုင်ကယ်ကယ်ရီဂိတ်၊ သင်္ဘောဆိပ်နှင့် လူအများသွားလာရာ ဗိုလ်ချုပ်လမ်းမကြီး တစ်လျှောက်ဖြန့်ဝေပေးခဲ့သည်။
Dec 08,2020
၂၀၂၀ ပြည့်နှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် (၁၀)ရက်နေ့တွင် ကျရောက်မည့် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင် အတွဲ(၄)၊ အမှတ်(၇) ကို ကယားပြည်နယ်၊ ရွာသစ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ရွာသစ် မြို့ရှိ ‌‌ဈေးဆိုင်များ၊ ဌာနဆိုင်ရာရုံးများ၊ ကျောင်းများ၊ လမ်းသွားလမ်းလာနေရာများ၊ လူစည်ကားရာ နေရာများ၊ ကျေးရွာများတွင် လိုက်လံဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
Dec 08,2020
ကချင်ပြည်နယ် ဗန်းမော်မြို့နယ် စင့်ကင်ကျေးရွာ ပြည်သူလူထု၏ စုပေါင်းအင်အားဖြင့် တာပိန်မြစ်ကူးတံတားကို အရှည်ပေ(၁၇ဝဝ)ကို ဒီဇင်ဘာ ၅ ရက်နေ့က နေ့ချင်းပြီး စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
Dec 08,2020
မြစ်ကြီးနားမြို့နယ်အတွင်းရှိ စားသောက်ဆိုင်များအား သတ်မှတ်စည်း ကမ်းချက်များ နှင့်အညီ ပြင်ဆင်ဆောင်ရွက်ထားရှိမှုရှိ/မရှိ မြို့နယ်ကိုဗစ် - ၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင်များက ယမန်နေ့မွန်းလွဲ ၁ နာရီက ရှောင်တခင် ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။
Dec 08,2020
ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့နယ်တွင် ကိုဗစ်(၁၉)ရောဂါကြိုတင်ကာကွယ်ရေးအတွက် မြို့မစျေးကြီးနှင့်စျေးပတ်ဝန်းကျင်၌ ပါးစပ်နှာခေါင်းစည်းနှင့် Face Shild Campaign ပြလုပ်ခြင်းကို ယနေ့နံနက် ၇ နာရီကဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Dec 08,2020
ဧရာဝတီ တိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန်နှင့် ကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေး အသိပညာပေးအဖြစ် ပါးစပ်နှင့် နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ရေးလူထုလှုပ်ရှားမှု (Mask Campaign)ကို ယနေ့ နံနက် ၇ နာရီက ငွေဆောင်မြို့မစျေးနှင့်အ.ထ.ကငွေဆောင်ကျောင်းရှေ့လမ်းဆုံတို့တွင် ဆောင်ရွက်ခဲ့ကြသည်။
Dec 08,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ၂၀၂၀ ပြည့်နှစ် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင် အတွဲ(၄)၊ အမှတ် (၇)ကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့နံနက်ပိုင်းတွင် လူစည်ကားရာနေရာများ၌ ဖြန့်ဝေပေးခဲ့သည်။
Dec 08,2020
ရန်ကုန်‌တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်အတွင်းသို့ ဝင်ရောက်လာကြသူများနှင့် မြို့တွင်းမှ ပြင်ပသို့ ထွက်ခွာသွားလာသူများအား အသွားအလာများ စိစစ်ကာ စစ်ဆေးဆောင်ရွက်ခြင်းများကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်တာဝန်ရှိသူများက ခရမ်းမြို့အဝင် တွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။