အမြို့မြို့အနယ်နယ်သတင်းများ

Dec 08,2020
ရန်ကုန်အနောက်ပိုင်းခရိုင်၊​ လမ်းမတော်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲ နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများက ယနေ့ နံနက်ပိုင်းက လူစည်ကားရာနေရာများတွင် အခမဲ့ ဖြန့်ဝေပေးခဲ့ ကြောင်း သိရသည်။
Dec 08,2020
ကိုဗစ်-၁၉ရောဂါကာကွယ်နိုင်ရန်နှင့် ထိန်းချုပ်နိုင်ရန်အတွက်ပြည်သူများ အစဉ်အမြဲသတိရှိစေရေး ကျန်းမာရေး အသိပညာပေးလုပ်ငန်းများကို မြို့နယ်အလိုက်ဆောင်ရွက်လျှက်ရှိရာ ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်အနေဖြင့် ယမန်နေ့နံနက် ၈ နာရီအချိန်မှစတင်ကာ လူစည်ကားရာနေရာများ၊ စျေးများနှင့်လမ်းများရှိ ပြည်သူများကျန်းမာရေး သတိရှိစေရေးအတွက် အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း တပ်ဆင်စေရေး Mask Campaign ပြုလုပ်ခြင်းအား အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ခဲ့ကြသည်။
Dec 08,2020
မကွေးတိုင်းဒေသကြီး၌ ယမန်နေ့က ကိုဗစ်-၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာ RDT results ၁၂ ဦးနှင့် Gene X pert ၂ ဦး စုစုပေါင်း ပိုးတွေ့ လူနာ (၁၄)ဦး ထပ်တိုး တွေ့ရှိခဲ့ပြီး၊ တိုင်းဒေသကြီးအတွင်း ပိုးတွေ့အတည်ပြု လူနာပေါင်း(၁၅၆၇)ဦးထိ ရှိပြီဖြစ်ကြောင်း တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနက သိရသည်။
Dec 08,2020
ရန်ကုန်တိုင်ဒေသကြီး၊ ဒဂုံမြို့နယ်၊ ဘုရားကြီးရပ်ကွက်၊ ရွှေတိဂုံဘုရားတောင်ဘက်မုခ်၊ လိပ်ကန်ရှေ့၌ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးတင်အေးနှင့်အဖွဲ့ ယာဉ်ထိန်းရဲတပ်ဖွဲ့ တာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေး မှူး ဒေါ်ခင်သွယ်သွယ်ထွဋ်တို့က ပူးပေါင်း၍ ယမန်နေ့ ည ၉ နာရီက ယာဉ်ကြောပိတ်ဆို့ စစ်ဆေး ဆောင်ရွက်ကြောင်း သိရသည်။
Dec 08,2020
ကနောင်မြို့သည် မြန်အောင်မြို့၏ တောင်ဘက် (၆) မိုင်ခန့်အကွာ ဧရာဝတီမြစ်ကမ်းဘေးတွင်တည်ရှိပြီး မြို့အုပ်ချုပ်ရေးမှူးရုံး၊ မြို့ပေါ်ရပ်ကွက်ငါးခု၊ ရဲစခန်း၊ ဈေး၊ ဆေးရုံ၊ မီးသတ်စခန်း၊ ဘုရားစေတီပုထိုးနှင့် ဘုန်းတော်ကြီးကျောင်း များစွာရှိပြီး ဘာသာသာသနာ ထွန်းကားသောမြို့ဖြစ်သည်။
Dec 08,2020
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့တွင် ၂၀၂၀ ပြည့်နှစ်၊ နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသော သတင်းစကား လက်ကမ်းစာစောင် အတွဲ(၄)၊ အမှတ် (၇)ကို ဝေါမြို့မဈေးနှင့် ပျံကျဈေးတို့၌ ယနေ့ နံနက်ပိုင်းက အသိပညာပေး ဖြန့်ဝေပေးခဲ့သည်။
Dec 08,2020
ကချင်ပြည်နယ်အတွင်း ဝင်ရောက်လာသည့် ကုန်တင်ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်များကို ကိုဗစ်-၁၉ ရောဂါရှိ/မရှိ Test Kit ဖြင့် နေ့စဉ်စစ်ဆေးခြင်းကို ပင်လုံကျေးရွာအုပ်စု၊ မော်ဟဲကျေးရွာအနီးတွင် ဖွင့်လှစ်ထားသည့် ကျန်းမာရေးစစ်ဆေးရေးဂိတ်တွင် ဆောင်ရွက်လျက် ရှိရာ ဒီဇင်ဘာလ ၇ ရက်နေ့ တစ်ရက်တည်းတွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ ကုန်တင်ယာဉ်မောင်း(၃)ဦးနှင့် ယာဉ်နောက်လိုက် ၁ ဦးတို့တွင် ရောဂါပိုးစစ်ဆေးတွေ့ရှိခဲ့သဖြင့် မိုးညှင်းခရိုင် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်၍ ဆေးကုသမှုခံယူစေလျက်ရှိကြောင်း သိရသည်။