အမြို့မြို့အနယ်နယ်သတင်းများ

Dec 08,2020
 ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ၂၀၂၀ ပြည့်နှစ် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်များ ဖြန့်ဝေခြင်းကို ယနေ့နံနက် ၈ နာရီက  လူစည်ကားရာနေရာများဖြစ်သည့် မြို့မဈေး၊ ကားဂိတ်နှင့် ဆိုင်ကယ်ကယ်ရီဂိတ်တို့တွင် ပြည်သူများ လက်ဝယ်အရောက်ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
Dec 08,2020
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနက ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများရရှိပြီး မိသားစုစားဝတ်နေရေးတွင် တဖက် တစ်လမ်းမှ အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ ကန်ပြောင်ကျေးရွာ ဖွင့်လှစ်သော အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ပဲဆေး ဖျန်းစက်ပြင်သင်တန်း ဆင်းပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီက ကန်ပြောင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရ သည်။
Dec 08,2020
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေး ကြိုတင်ကာကွယ်နိုင်ရန်နှင့် ပြည်သူများအိမ်အပြင် ထွက်ပါက မဖြစ်မနေ Mask တပ်ဆင်သည့် အလေ့အထ ရရှိစေရန် ရည်ရွယ်၍ လမ်းသွား ၊ လမ်းလာပြည် သူများအား Mask တပ်ဆင်ခြင်းရှိ/မရှိစစ်ဆေးခြင်းနှင့် Mask တပ်ဆင်ခြင်းမရှိသော ပြည်သူများအား Mask တပ်ဆင်စေခြင်းကို နေ့စဉ် နေ့/ညမပျက်စစ်ဆေးမှုများ ဆောက်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက သီရိမင်္ဂလာဈေး၌ လည်းကောင်း၊ ညပိုင်းက မြို့လယ်နာရီစင်လမ်းဆုံ၌လည်းကောင်း ဆောင်ရွက်ခဲ့သည်။
Dec 08,2020
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၌ ဒီဇင်ဘာ(၉)ရက်နေ့တွင် ကျရောက်မည့် ၂၀၂၀ ပြည့်နှစ် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်ကို ယနေ့နံနက် က ပြည်သူများသို့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
Dec 08,2020
၂၀၂၀ ပြည့်နှစ် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနက တာဝန်ခံ၍
Dec 08,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ် ဆိပ်ကြီးအရှေ့ရပ်ကွက်ရှိ မြို့မဈေးကြီး မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး စစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ် မီးသတ်ဦးစီးဌာနမှ ဆောင်ရွက်ခဲ့သည်။
Dec 08,2020
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသော ၂၀၂၀ပြည့်နှစ် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်တောင်ပိုင်းခရိုင် တွံတေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ပြည်သူများကို ယနေ့ နံနက်ပိုင်းက ယာယီဈေး၊ အိုးဖိုဈေးလေး၊ ကူတိုဆိပ်နှင့် လမ်းသွား/ လမ်းလာပြည်သူများထံ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
Dec 08,2020
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်းသို့ ဖြတ်သန်း ဝင်ရောက်ကြသော မော်တော်ယာဥ်မောင်းများ စနစ်တကျ နှာခေါင်းစည်း (Mask) တပ်ဆင် လာစေရေး ယနေ့နံနက်(၁၀:၀၀)နာရီက မြို့နယ်အဝင်အထွက် အဓိကနေရာ များတွင် ကြည့်ရှု စစ်ဆေးခဲ့ကြောင်းသိရှိရသည်။