Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မြဝတီမြို့တွင် နှာခေါင်းစည်းမဖြစ်မနေတပ်ဆင်ရေး လူထုလှုပ်ရှားမှုစီမံချက်အဖြစ် Mask Campaign ပြုလုပ်
Dec 07,2020
ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ လူစည်ကားရာနေရာများတွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေးအသိပညာ မြှင့်တင်ရေး လုပ်ငန်းအဖြစ် နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ရေး လူထုလှုပ်ရှားမှု (Mask Campaign) ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အင်းစိန်မြို့နယ်၊ ကြက်ခြေနီအသင်းခွဲသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသရေး လုပ်ငန်းစဉ်များ တွင် အသုံးပြုနိုင်ရန်အတွက် အလှူငွေ ကျပ်(၁)သိန်း လှူဒါန်း
Dec 07,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်ရှိ ကြက်ခြေနီအသင်းခွဲ အနေဖြင့် မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်းများနှင့် ပြည်သူ့အကျိုးပြု လုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်စေရန် ရည်ရွယ်၍ အလှူငွေကျပ်(၁)သိန်းကို ယမန်နေ့ နေ့လယ်(၁) နာရီအချိန်က လှူဒါန်းခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မင်္ဂလာဒုံမြို့နယ်တွင် ရပ်ကွက်နှင့်ကျေးရွာတို့တွင်(TTT) စီမံချက်ဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးကို အရှိန်အဟုန်မြှင့်၍ဆောင်ရွက်
Dec 07,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်တွင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး မြို့နယ်အဆင့်လုပ်ငန်းကော်မတီမှဦးဆောင်၍ ဌာန ဆိုင်ရာအကြီးအ ကဲများ ရပ်ကွက်နှင့်ကျေးရွာများမှ တာဝန်ရှိသူများ ပရဟိတအဖွဲ့များစုပေါင်းပြီး ရပ်ကွက်နှင့် ကျေးရွာများတွင် ဒီဇင်ဘာ (၆)ရက်နေ့မှ ဒီဇင်ဘာ(၁၄)ရက်နေ့ အထိMask များအခမဲ့ဖြန့် ဝေခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ အသိပညာပေး ဟောပြောခြင်းတို့ ဆောင်ရွက်မည် ဟုသိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်တန်းမြို့ လူစည်ကားရာ နေရာများ၌ Mask တပ်ဆင်ရေး အသိပညာပေး လှုပ်ရှားမှု ဆောင်ရွက်
Dec 07,2020
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်တွင် ကိုဗစ်-၁၉ ပိုးတွေ့ အတည်ပြု လူနာ(၅၇၀) ဦး အထိရှိလာပြီဖြစ်သည့်အတွက် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုအား ကာကွယ် ထိန်းချုပ်နိုင်စေရန် ရည်ရွယ်ပြီး စည်ပင်သာယာမြို့မဈေးနှင့် လူစည်ကားရာ နေရာများတွင် Mask တပ်ဆင်ရေး အသိပညာပေး လှုပ်ရှားမှုကို ယနေ့နံနက် ၆ နာရီက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် Stay At Home ကာလ ပြည်သူများမလိုအပ်ဘဲ အပြင်မထွက် စေရေး မြို့နယ်ကျော်ယာဉ်များ စစ်ဆေးဆောင်ရွက်
Dec 07,2020
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက် ပျံ့နှံ့မှုမရှိစေရေး ကာကွယ်ထိန်းချုပ်နိုင်ရေး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များအား စနစ်တကျ လိုက်နာနိုင်ရေးအတွက် ပြည်သူများမလိုအပ်ဘဲ အပြင်မထွက်စေရေး၊ တစ်မြို့နယ်နှင့် တစ်မြို့နယ်သို့ နယ်မြေကျော်လွန်သွားလာခြင်း မရှိစေရေး၊ စစ်ဆေးဆောင်ရွက်ခြင်းလုပ်ငန်းများကို ယနေ့ နံနက်ပိုင်း ၉ နာရီက ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ (၁၆)ရပ်ကွက်၊ ပြည်ထောင်စုလမ်း၊ မြို့ဦးစေတီရှေ့တွင် မြို့နယ်ကျော် ယာဉ်စစ်ဆေးမှုများအား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် နှာခေါင်းစည်း(mask) တပ်ဆင်သွားလာရန် အသိပညာပေး နှိုးဆော်ခြင်းနှင့် စည်းကမ်းမလိုက်နာသူများအား ဒဏ်ငွေချမှတ် အရေးယူခြင်းများ…
Dec 07,2020
ရန်ကုန်တိုင်းဒေသကြီး ၊ တောင်ပိုင်းခရိုင် ၊ ကွမ်းခြံကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးနှိုးဆော်ခြင်း ၊ ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနမှ ညွှန်ကြားထားသော စည်းကမ်းချက်များအား အလေးထားလိုက်နာခြင်း ရှိစေရန် အပြင်ထွက်တိုင်း နှာခေါင်းစည်း(mask) တပ်ဆင်သွားလာခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါကို ကြိုတင် ကာကွယ်နိုင်ကြစေရန် မြို့နယ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ လူအများသွားလာနေသော နေရာများဖြစ်သည့် မြို့လယ်ဗိုလ်ချုပ် လမ်းမကြီးပေါ်တွင် ယမန်နေ့မနက် (၉) နာရီကစ၍ ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ခရီးသွားပြည်သူများနှင့် ဈေးရောင်းဝယ်သူများ မဖြစ်မနေ နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်းရှိ/မရှိ စစ်ဆေး
Dec 07,2020
ကယားပြည်နယ် ဖရူဆိုမြို့နယ် မြို့မဈေး၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေး အတွက် မဖြစ်မနေ နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်း ရှိ/မရှိ စစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ကဝမြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း ၊ စီမံချက် လုပ်ငန်းဖြစ်သည့် ကျေးရွာအတွင်း ဂဝံလမ်းခင်းခြင်း လုပ်ငန်းအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
Dec 07,2020
စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ၊ ပဲခူးခရိုင် ဦးစီးမှူး ဒေါ်မေမျိုးဟန် ၊ ကဝမြို့နယ်ဦးစီးမှူး ဦးလှဝင်းကျော်နှင့် အဖွဲ့ဝင်များသည် မုဒုကျေးရွာ အုပ်စု ၊ မုဒုကျေးရွာ ဖွံ့ဖြိုးရေးစီမံကိန်း စီမံချက်လုပ်ငန်းဖြစ်သည့် ကျေးရွာအတွင်း ဂဝံလမ်းခင်းခြင်း လုပ်ငန်းအား ယမန်နေ့က ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
28057
Page
28058
Page
28059
Page
28060
Current page
28061
Page
28062
Page
28063
Page
28064
Page
28065
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department