Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မိုင်းယုမြို့၌ Facility Quarantine နေထိုင်ပြီးသူ(၂၈)ဦးအား နေထိုင်ပြီးစီးကြောင်း လက်မှတ်ပေးအပ်
Dec 07,2020
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ နယ်စပ်ဒေသ မိုင်းယုမြို့ မိုင်းလွေကျေးရွာအုပ်စု၊ မိုင်းလွေ ကျေးရွာအနီး သီးသန့်အဆောက်အဦတွင် Facility Quarantine နေထိုင်ပြီးစီးသူ (၂၈)ဦးကို ယနေ့ နံနက် ၉ နာရီက နေထိုင်ပြီးစီးမှု လက်မှတ်ပေးအပ်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
အင်းစိန်ဆေးရုံကြီး၊ ဖျားနာဆောင်တွင် တက်ရောက်ကုသမှု ခံယူနေရသော လူနာများနှင့် ကျန်းမာရေး ဝန်ထမ်းများအတွက် အသင့်စားသုံးနိုင်သည့် ထမင်းဘူး(၃၅၀)နှင့် အလှူငွေများ လှ…
Dec 07,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန်နှင့် ကြိုတင်ကာကွယ်နိုင်စေရန် ရည်ရွယ်၍ အထွေထွေရောဂါကုဆေးရုံကြီး (အင်းစိန်)၊ ဖျားနာဆောင်တွင် တက်ရောက်ကုသမှု ခံယူနေရသော လူနာများနှင့်ကျန်းမာရေး ဝန်ထမ်းများအတွက် အသင့်စားသုံးနိုင်သည့် ထမင်းဘူး(၃၅၀)နှင့် အလှူငွေများကို ယမန်နေ့ နံနက်ပိုင်းက အထွေထွေရောဂါကုဆေးရုံကြီး(အင်းစိန်) တွင် လှူဒါန်းခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်တလုံးကြီးမြို့၊ သစ်တောဦးစီးဌာနမှ ပြည်သူများအား အခမဲ့ဖြန့်ဝေပေးနိုင်ရန် သစ်တော၊ သစ်ပင်နှင့် နှစ်ရှည် သီးပင်စားပင်များ ပျိုးထောင်ထားရှိ
Dec 07,2020
၂၀၂၁ ခုနှစ်၊ မိုးရာသီကာလတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊တောင်ကြီးခရိုင်၊ကျောက်တလုံးကြီးမြို့ ပတ်ဝန်းက ျင်၌ စိမ်းလန်းစိုပြေရေး၊ သစ်တော၊ သစ်ပင်များ ပိုမိုစိုက်ပျိုးနိုင်ရေး နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အတွက်ဒေသခံပြည်သူများအနေဖြင့် ပျိုးပင်များအခမဲ့စိုက်ပျိုးနိုင်ရန်ရည်ရွယ်၍ကျောက်တ လုံးကြီး မြို့၊ သစ်တော ဦးစီးဌာန ပျိုးဥယျာဉ် တွင်ပျိုးပင်ပေါင်း (၂၈၀၀၀)ပင် ပျိုးထောင်ထားကြောင်းသိရ သည်။
အပြည့်အစုံ ဖတ်ရန်
ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိထားသူနှင့် ထိတွေ့ဆက်စပ်ခဲ့သော ယာဉ်နောက်လိုက်(၂)ဦးကို Quarantine ဝင်ရောက်ရန် ထောက်ကြန့် တိုးဂိတ်ဟောင်းမှ သွားရောက်ခေါ်ယူ၍ အင်းစိန်(GTI…
Dec 07,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်တိုးဂိတ်ဟောင်းတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိထားသူနှင့် ထိတွေ့ဆက်စပ်ခဲ့သော ယာဉ်နောက်လိုက်(၂)ဦးကို Quarantine ဝင်ရောက်ရန်အတွက် ယမန်နေ့ နံနက်(၁၀)နာရီအချိန်က အင်းစိန်မြို့နယ်၊ ကြက်ခြေနီ အသင်းခွဲမှ တာဝန်ရှိသူများက သွားရောက် ခေါ်ဆောင်၍ အင်းစိန်(GTI) Quarantine Center (၃)ပို့ ဆောင်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နောင်ချိုမြို့ စေတနာမွန် လူမှုကူညီရေးအသင်းသို့ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန် Cutter စက်ဝယ်ယူရရေး မတည်ငွေလှူဒါန်း
Dec 07,2020
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့ စေတနာမွန် လူမှုကူညီရေးအသင်းသို့ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန်လိုအပ်သည့် Cutter စက်ဝယ်ယူရန် မတည်ငွေ ကျပ် ဆယ်သိန်းအား ယမန်နေ့ က မတည်လှူဒါန်းခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် အိမ်ပြင်ထွက်သူများ ပါးစပ်၊ နှာခေါင်းစည်း တပ်ဆင်ရေးစည်း ကမ်းထိန်းသိမ်းရေးအဖွဲ့မှ စစ်ဆေးမှုများ အရှိန်အဟုန်မြှင့်ဆောင်ရွက်…
Dec 07,2020
ကိုဗစ်-၁၉ ရောဂါကူးစက်မှုမှ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ပါးစပ်၊ နှာခေါင်းစည်း (Mask) မတပ်သူများအား စစ်ဆေးအရေးယူခြင်းကို ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်တွင် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၈ နာရီက မြို့နယ်အတွင်းရှိ (၄၈)ရပ်ကွက်၊ ဖြိုးစပယ်စျေးနှင့် ဗိုလ်မှူးဗထူးလမ်းမပေါ်တွင် မြို့နယ် ကိုဗစ်-၁၉ စည်းကမ်း ထိန်းသိမ်းရေး အဖွဲ့ဝင်များ ပူးပေါင်း၍ စစ်ဆေးအရေးယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သိန္နီမြို့အ၀င်၌ ကျန်းမာရေးစစ်ဆေးရေးဂိတ် နေ့စဉ်ဖွင့်လှစ်ပြီး ကိုဗစ်-၁၉ ရောဂါ အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်
Dec 07,2020
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးခရိုင်၊ သိန္နီမြို့တွင် နေ့စဉ်နံနက် (၆)နာရီမှ ည(၉)နာရီအချိန်အထိ မြို့အ၀င်၌ ကျန်းမာရေးစစ်ဆေးရေးဂိတ်ဖွင့်လှစ်၍ ခရီးသွားများနှင့် ယာဉ်မောင်းများ၏ ကျန်းမာရေးစောင့်ရှောက်မှု စစ်ဆေးပေးမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရန်ကုန်မြို့တော် ဒုတိယမြို့တော်ဝန် ဦးစိုးလွင်သည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် လူစည်ကားသည့် နေရာများသို့ သွားရောက်ကြည့်ရှုစစ်ဆေး
Dec 07,2020
ရန်ကုန်မြို့တော်၊ ဒုတိယမြို့တော်ဝန် ဦးစိုးလွင်သည် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ ကော်မတီဝင်(၈)၊ မြို့တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ၊ မရမ်းကုန်းမြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရန်ကင်းမြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဗဟန်းမြို့နယ် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲမှူးများနှင့် ရဲတပ်ဖွဲ့ဝင်များနှင့်အတူ လူစုလူဝေး များဖြင့် အမြဲဖြစ်လေ့ရှိသည့် အင်ယားကန်ဘောင် နေရာသို့ ယမန်နေ့ ညနေပိုင်းတွင် သွားရောက် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
28058
Page
28059
Page
28060
Page
28061
Current page
28062
Page
28063
Page
28064
Page
28065
Page
28066
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department