Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ကျောက်ဆည်မြို့နယ် တုံလုံကျေးရွာနှင့် မြောင်းဘောင်ကျေးရွာများတွင် ကုန်ထုတ်လမ်း ဖောက်လုပ်ပေးနိုင်ရေး လျာထားကွင်းဆင်း တိုင်းတာခြင်းများဆောင်ရွက်
Dec 07,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ ကျေးရွာ များ ဖွံ့ဖြိုးတိုးတက်ပြီး မြို့ပြနှင့်ကျေးလက် ကွာဟမှုမရှိစေရေးအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိရာ ယနေ့နံနက်(၁၀)နာရီက မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများက တုံလုံကျေးရွာနှင့် မြောင်ဘောင်ကျေးရွာများတွင် ကုန်ထုတ်လမ်းများ လျာထားဆောင်ရွက်နိုင်ရေး လျာထားကွင်းဆင်းတိုင်းတာခြင်းများ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တောင်သာမြို့၌ လူစည်ကားရာနေရာများတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ကြိုတင်ကာကွယ်ထိန်းချုပ်ရေးအတွက် Mask Campaign ပြုလုပ်
Dec 07,2020
မန္တလေးတိုင်းဒေသကြီး တောင်သာမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ကြိုတင်ကာကွယ် ထိန်းချုပ်ရေးအတွက် မြို့မ စည်ပင်သာယာဈေးနှင့် မြစည်းခုံဘုရားကြီး ဈေးဝန်းကျင်တွင် ယမန်နေ့နံနက် (၈) နာရီခွဲအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ဒေသခံပြည်သူများအား ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။
အပြည့်အစုံ ဖတ်ရန်
ရွှေတောင်မြို့နယ်တွင် A အဆင့်သတ်မှတ်ထားသော စားသောက်ဆိုင်များ ဆိုင်ထိုင်စနစ်ဖြင့် ပြန်လည်ရောင်းချ ခွင့်ပြု
Dec 07,2020
ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ် စည်ပင်သာယာရေးနယ်နိမိတ်အတွင်း ရောင်းချနေသော စားသောက် ဆိုင်များထဲမှ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ စည်းကမ်း သတ်မှတ်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ပြင် ဆင်ထားရှိပြီး A အဆင့် သတ်မှတ်ထားသော စားသောက်ဆိုင်များကို ယမန်နေ့က ပြန်လည်ရောင်းချခွင့်ပြုခဲ့ပြီး ယနေ့နံနက်ပိုင်းက အဆိုပါဆိုင်များကို သက်ဆိုင်ရာတာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေး အဆိုပြုချက် လုပ်ငန်းများ လျာထားတင်ပြနိုင်ရေးအတွက် စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်…
Dec 07,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု၊ ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် ဒေသဖွံ့ဖြိုးရေး အဆိုပြုချက် လုပ်ငန်းများ စီမံကိန်းအဆိုပြု လျာထား လုပ်ငန်းများ အတည်ပြုနိုင်ရေးအတွက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ၊ လွှတ်တော် ကိုယ်စား လှယ်များ၊ စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီနှင့် ဌာနဆိုင်ရာများက လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ယနေ့ နံနက် ၁၀ နာရီ အချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
၂၀၂၀ပြည့်နှစ် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေး
Dec 07,2020
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်း စကားလက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့ မွန်းလွဲ(၂) နာရီက လူစည်ကားရာနေရာများတွင်အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တွံတေးမြို့နယ်အတွင်း Positive အတည်ပြုလူနာ (၈၈၃)ဦးထိရှိပြီး ပြန်လည်ကောင်းမွန်လာသူ(၇၇၄)ဦးထိရှိ
Dec 07,2020
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုများ မရှိစေရေးအတွက် ဓာတ်ခွဲအတည်ပြုလူနာများနှင့် အနီးကပ်ထိတွေ့ခဲ့သူများအား ကျန်းမာရေးဌာန(၂)ခု၊ အခြေခံပညာ ကျောင်း(၃) ကျောင်း၊ ဓမ္မာရုံ(၁)ခုတို့တွင် အသွားအလာများ ကန့်သတ်ထားရှိကာ ရောဂါကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ကို ဆောင်ရွက်လျက်ရှိပြီး ယမန်နေ့ ညနေပိုင်းချိန်အထိ စင်တာများတွင် အသွားအလာ ကန့်သတ်ထားရှိသူ ဦးရေ(၂၀၀)ဦးခန့်အထိ ရှိနေကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်မြို့နယ်ရှိဇေယျမင်္ဂလာကျောင်းတိုက်နှင့် အိမ်ထောင်စု(၇၀)စုတို့အတွက်အခြေခံစား သောက်ကုန်များ We Love Hlaing မှလှူဒါန်း
Dec 07,2020
ကိုဗစ်−၁၉ကာကွယ်ထိန်းချုပ်စဉ်ကာလ အတွင်းပြည်သူများစားဝတ်နေရေးအစဉ်ပြေစေ ရေးအတွက်ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့ နယ်ရှိ We Love Hlaing ပရဟိတအဖွဲ့သည် အနယ်နယ်အရပ်ရပ်မှလှူဒါန်း ပေးလျက်ရှိသော အလှူရှင်များကိုယ်စား ရပ်ကွက်များရှိဘုန်းတော်ကြီးကျောင်းများ၊ အခြေခံလူတန်းစားများ၊ သက်ကြီး ရွယ်အိုများ၊ မသန်စွမ်းများ၊Lock Down မိသားစုများအား လှူဒါန်းဆောင်ရွက်လျက်ရှိရာဘုန်းတော် ကြီးများနှင့်အိမ်ထောင်စု(၇၀)စုတို့အတွက်အခြေ ခံစားသောက်ကုန်များကိုယမန်နေ့ နံနက်ပိုင်းက သွားရောက် လှူဒါန်းခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မြောင်းမြ၌ ၂၀၂၀ပြည့်နှစ်၊ နှစ်(၁၀၀)ပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များဖြန့်ဝေ
Dec 07,2020
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြောင်းမြမြို့အတွင်းရှိ ဈေးများ၊ သင်္ဘောဆိပ်နှင့် လူစည်ကားရာနေရာများ၌ နှစ်(၁၀၀)ပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင် များကို ယနေ့ မွန်းတည့် ၁၂ နာရီက ဖြန့်ဝေပေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
28054
Page
28055
Page
28056
Page
28057
Current page
28058
Page
28059
Page
28060
Page
28061
Page
28062
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department