အမြို့မြို့အနယ်နယ်သတင်းများ

Dec 07,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ကုသနိုင်ရေးအတွက် မြို့အဝင်/ထွက်ဂိတ်များ၌ အသိပညာပေးပိုစတာများ ကပ်ထားပြီး ကိုယ်ပူချိန်တိုင်းတာ စစ်ဆေးခြင်းလုပ်ငန်းများကို နေ့စဉ် အရှိန်အဟုန်မပျက်စစ်ဆေး ဆောင်ရွက်လျက်ရှိသည်။
Dec 07,2020
မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့ (သာပေါင်းနယ်ရုံး) မှ မသန်စွမ်းသူများနေ့ အထိမ်းအမှတ်အဖြစ် Mask များဝေငှခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့်‌ မသန်စွမ်းမှု ဆိုင်ရာ ဟောပြောခြင်းများကို ယမန်နေ့နံနက် ၈ နာရီအချိန်မှစတင်၍ လူစည်ကားရာ နေရာများ၌ ကျင်းပခဲ့သည်။
Dec 07,2020
ဧရာဝတီဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမှ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးနှင့် ကူးစက်ပျံ့နှံ့မှု မရှိစေရေးအတွက် မိဘပြည်သူများထံသို့ ပါးစပ်၊နှာခေါင်းစည်း(၂၀၀၀)နှင့် မျက်နှာကာ(၂၀၀)တို့ကို ယမန်နေ့နံနက် ၈ နာရီက အခမဲ့ဖြန့်ဝေ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Dec 07,2020
မြန်အောင်မြို့ မီးဘေးကြိုတင် ကာကွယ်ရေးအတွက် မီးသတ်ရေကန်များအတွင်း ရေဖြည့်ခြင်းများကို ယမန်နေ့ညနေက ဒေသပိုင်မီးသတ်အဖွဲ့များက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Dec 07,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ပွင့်လင်းရာသီရောက်ပြီဖြစ်၍ ဒေသနေပြည်သူများ မီးသတိရှိစေရန်နှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရန်ရည်ရွယ်ပြီး စက်သုံးဆီဆိုင်များ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ယနေ့နံနက်ပိုင်းက တာ၀န်ရှိသူများ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Dec 07,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ အ-ထ-က ငွေဆောင် ကျောင်း (Quarantine Centre) ရှိ အသွားအလာ ကန့်သတ်ထားသူများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများအတွက် ယမန်နေ့ နံနက် (၈) နာရီချိန်က ​​ရေသန့်ကတ်များ လာရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။
Dec 07,2020
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ တကောင်းမြို့ ကိုဗစ်-၁၉ ကာကွယ်စောင့်ကြပ်ရေးအဖွဲ့ Quarantine Centre တွင် ဒီဇင်ဘာ (၄)ရက် နေ့က Quarantine ဝင်ရောက်ခဲ့သော ဖုန်ကုန်းကျေးရွာမှ မူဆယ်​​မြို့ပြန်(၄)ဦးတို့၏ နှားခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်တို့အား ယနေ့ မွန်းလွဲပိုင်းက RTD Test kit ဖြင့် စစ်ဆေးရာ အားလုံးပိုးမတွေ့ရှိရပဲ All Negative ဖြစ်ကြောင်း သိရသည်။
Dec 07,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသနှင့်ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန (ပြည်နယ်) ခွင့်ပြုရန်ပုံငွေကျပ် (၇၃.၅၂၀)သန်းဖြင့် ရှမ်းရွာသစ်မြို့ မဲသမူး-မဲသမူးခီးကျေးရွာသို့ ဆက်သွယ်ထားသော မြေသားလမ်း (၂)မိုင်ဖောက်လုပ်လျက်ရှိကြောင်း သိရှိရသည်။