အမြို့မြို့အနယ်နယ်သတင်းများ

Dec 07,2020
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ် ထိန်းချုပ်နိုင်ရေး အတွက် ပူးပေါင်းစစ်ဆေးရေးဂိတ်အား မြို့အဝင်နတ်စင်နေရာသို့ ဒီဇင်ဘာလ ၂ ရက်က ရွှေ့ပြောင်းခဲ့ပြီး ယမန်နေ့တွင် ရောဂါစစ်ဆေးရေး လုပ်ငန်းများ အရှိန်မြှင့်တင် ဆောင်ရွက်လျက်ရှိသည်။
Dec 06,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ဝန်ထမ်းများအား ငွေစာရင်း ” ဌစ ” များကို သိရှိနားလည်ပြီး Microsoft Excel ဖြင့်စာရင်းများ မှန်မှန်ကန်ကန် မြန်ဆန်စွာ ပြုစုနိုင်ရန် ရည်ရွယ်၍ Microsoft Excel For Accounting နှင့် ငွေစာရင်း ထိန်းသိမ်းနည်း သင်တန်းကို Online စနစ်ဖြင့် သင်ကြားပို့ချ ပေးလျက်ရှိကြောင်း သိရသည်။
Dec 06,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ် စည်ပင်သာယာရေးကော်မတီမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဘုရားကြီးကွက်သစ် လမ်းသွယ် (၁)နှင့် လမ်းသွယ်(၂) ကျောက်ချောလမ်းခင်းကျင်း အရှည်ပေ (၁၆၀၀)ပေအား ရပ်ကွက်နေပြည်သူများ ရာသီမရွေး သွားလာနိုင်ရန်အတွက် ကျောက်ချောလမ်းအဖြစ် စတင်ခင်းကျင်းခြင်းလုပ်ငန်းကို ယမန်နေ့စတင်ပြီး အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိကြောင်း မြို့နယ်စည်ပင်သာယာ‌ရေးကော်မတီ အမှုဆောင်အရာရှိ ဦးနေလင်းသိန်းထံမှ သိရသည်။
Dec 06,2020
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် စည်ပင်သာယာရေးနယ်နိမိတ်အတွင်း ရောင်းချနေသော စားသောက်ဆိုင်များထဲမှ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ စည်းကမ်း သတ်မှတ်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ပြင်ဆင်ထားရှိပြီး A အဆင့် သတ်မှတ်ထားသော စားသောက်ဆိုင် (၆၉)ဆိုင်ကို ယမန်နေ့က ပြန်လည်ရောင်းချခွင့်ပြုခဲ့ပြီး ယနေ့နံနက်ပိုင်းက အဆိုပါဆိုင်များကို သက်ဆိုင်ရာတာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
Dec 06,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့၌ ဆိုင်ထိုင်စားသောက်ဖွင့်လှစ်နိုင်ရန် (A) အဆင့်သတ်မှတ် ထားသည့် စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ယနေ့ နံနက်ပိုင်းက ရှောင်တခင် စစ်ဆေးခဲ့သည်။
Dec 06,2020
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် မြို့သာကျေးရွာအုပ်စု မြို့သာအရှေ့ကျေးရွာတွင် ယနေ့နံနက် ၈ နာရီအချိန်က မြို့သာစည်ပင်သာယာဈေးအတွင်းနှင့် ပတ်ဝန်းကျင်ရှိ ဈေးရောင်းဈေးဝယ်နှင့် ခရီးသွား ပြည်သူများအာ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးအတွက် မြို့နယ်အုပ်ချုပ်ရေးမှူး ဉီးဆောင်အဖွဲ့မှ Mask Campaign ပြုလုပ်ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
Dec 06,2020
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး လှုပ်ရှားမှု အဖြစ် နှာခေါင်းစည်းများ ဖြန့်ဝေခြင်းကို ယနေ့ နံနက် ၈ နာရီက မြို့မစျေးကြီးတွင် ဆောင်ရွက်ခဲ့သည်။
Dec 06,2020
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုဘိုမြို့မှ ကိုဗစ်-၁၉ ကုသရေးအတွက် ရန်ကုန်နှင့်စစ်တွေသို့ စေတနာ့ ဝန်ထမ်းအဖြစ် သွားရောက် တာဝန်ထမ်းဆောင်ခဲ့ကြသည့် အထက်တန်း သူနာပြုဆရာ၊ ဆရာမများသည် ယမန်နေ့ ညပိုင်းက ပြန်လည် ရောက်ရှိလာခဲ့ကြောင်း သိရသည်။