အမြို့မြို့အနယ်နယ်သတင်းများ

Dec 06,2020
စစ်ကိုင်းမြို့နယ်တွင် နိုဝင်ဘာလဆန်းပိုင်းမှစ၍ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများ ကူးစက် ပြန့်ပွားမှု ကျယ်ပြန့်လာသဖြင့် ကျေးရွာ(၄)အုပ်စုအား ဒီဇင်ဘာ(၅)ရက်မှစ၍ ဒီဇင်ဘာ လ(၁၈)ရက်နေ့အထိ အသွားအလာကန့်သတ်ထားရှိခဲ့ကြောင်းကို မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှသိရသည်။
Dec 06,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန်နှင့် ကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေး အသိပညာပေးအဖြစ် ပါးစပ်နှင့် နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ရေးလူထုလှုပ်ရှားမှု (Mask Campaign)  အရှိန်အဟုန်မြှင့် ဆောင်ရွက်ခြင်း ကို ယနေ့ နံနက်(၉)နာရီက ဒေါပုံဈေးနှင့် ရတနာဈေးတို့တွင် ပြုလုပ်ကြောင်း သိရသည်။
Dec 06,2020
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၌ ကိုဗစ်-၁၉ကူးစက်ရောဂါအား ကြိုတင်၍ ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် နှာခေါင်းစည်းမတပ်ဆင်ထားသူများအား နှာခေါင်းစည်း Mask များ တပ်ဆင်သွားလာရေးလှုပ်ရှားဆောင်ရွက်မှု Mask Campaign ကို ဒီဇင်ဘာလ (၆)ရက်နေ့ နံနက်ပိုင်းက ထန်းတပင်မြို့မစျေး၊ စျေးရှေ့နှင့် လမ်းဆုံကားဂိတ်တို့တွင် ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
Dec 06,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်တွင် ပထမဆုံး ကိုဗစ်-၁၉ အတည် ပြုလူနာ ဖြစ်သည့် တနိုင်းမြို့နယ်မှ အသက် ၂၂ နှစ်အရွယ်ရှိ ရဲတပ်ဖွဲ့ဝင်(၁)ဦးသည် ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာန၏ ဆေးရုံဆင်းခွင့်ပြုရန် သတ်မှတ်ချက်များနှင့် ကိုက်ညီ၍ ဒီဇင်ဘာ ၄ ရက် နေ့လယ်ပိုင်းအချိန်က ဆေးရုံမှဆင်းခွင့်ရရှိကြောင်း သိရသည်။
Dec 06,2020
မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ အခြေခံပညာအထက်တန်းကျောင်းများသို့ လှူဒါန်းသော ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အသုံးပြုရန် နှစ်ခုတွဲခြေနင်း လက်ဆေး ဘေစင် လှူဒါန်းပွဲကို ယမန်နေ့နံနက်ပိုင်းက ပေါက်ခေါင်းမြို့  မြို့နယ်ကြက်ခြေနီအဖွဲ့ ရုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
Dec 06,2020
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျိုက်ဒုံမြို့ စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ယမန်နေ့ ညနေ(၃)နာရီခွဲက ပြည်နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသန်းထိုက်၊ ခရိုင်ဦးစီးမှူး ဒေါ်နော်သူးလေထီး၊ ကျိုက်ဒုံမြို့ စိုက်ပျိုးရေးဦးစီးမှူးနှင့်
Dec 06,2020
ကချင်ပြည်နယ်အတွင်း မြစ်ကြီးနားခရိုင်အတွင်းရှိ IDPs Camp (၁)ခုနှင့် ဗန်းမော်ခရိုင် အတွင်းရှိ IDPs Camps (၂)ခုအား ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ ဒီဇင်ဘာ(၃)ရက် နှင့် (၄)ရက်နေ့များတွင် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။
Dec 06,2020
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၃၇)မြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ဆောင်းသီးနှံ စိုက်ပျိုးချိန်တွင် ပဲမျိုးစုံ (၆၈၇၀၆၆)ဧက စိုက်ပျိုးပြီးစီးခဲ့ပြီ  ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူး ဦးဝင်းလှိုင်ဦးထံမှ သိရသည်။