အမြို့မြို့အနယ်နယ်သတင်းများ

Dec 01,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်တွင် မွေးကင်းစမှ အသက် (၅) နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး တိုက်ကျွေးခြင်း၊ ကာကွယ်ဆေးထိုးနှံပေးခြင်း၊ ကိုယ်အလေးချိန်နှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းကို သန်လျင်မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဝန်ထမ်းများနှင့် အုပ်ချုပ်ရေးအဖွဲ့များ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ ယနေ့ နံနက် ၉ နာရီက ဗိုလ်ချုပ်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ဆောင်ရွက်ပေးကြောင်း သိရသည်။
Dec 01,2020
၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း အပူပိုင်းဇုန်အတွင်း ကျရောက်လျက်ရှိသော စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းရှိ ကျေးလက်ဒေသများတွင် ထင်းလောင်စာသုံးစွဲမှုကို လျော့ချပေးနိုင်သော စွမ်းအားမြှင့်မီးဖို (၁၇၈၂၀)လုံးကို ဖြန့်ဝေပေးနိုင်ရန် စီစဉ်လျက် ရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အပူပိုင်းဒေသစိမ်းလန်း စိုပြည်ရေး ဦးစီးဌာနမှ ညွှန်ကြား ရေးမှူး ဦးဘလွင်ဦးထံမှ သိရသည်။
Dec 01,2020
နမ္မတူမြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ မြို့နယ် အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ဒေသခံပြည်သူများအား နေအိမ်ပြင်ပ ထွက်တိုင်း မဖြစ်မနေ ပါးစပ်နှင့်နှာခေါင်းစည်း (Mask) တပ်ဆင်စေရေး (၂၀၀)ကျပ်ဒဏ်ငွေရိုက်ကာ ခုဝယ်ခုတပ်စနစ်ဖြင့် ရှောင်တခင်စစ်ဆေး ကြပ်မတ်ဆောင်ရွက်ခြင်းကို ယနေ့ နံနက် (၈)နာရီ အချိန်ခန့်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ် မြို့မဈေးအနီးရှိ ဗိုလ်ချုပ်လမ်းအနီး၌ ဆောင်ရွက်ခဲ့သည်။
Dec 01,2020
ကိုဗစ်-၁၉ ရောဂါကူးစက်မှုမှ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ပါးစပ်၊ နှာခေါင်းစည်း (Mask) မတပ်သူ များအား စစ်ဆေးအရေးယူခြင်းကို ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်တွင် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၈ နာရီက မြို့နယ်အတွင်းရှိ (၄၆)ရပ်ကွက်၊ ဗိုလ်မှူး ဗထူးလမ်းတစ်လျှောက်တွင် မြို့နယ်ကိုဗစ်-၁၉ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ဝင် များ ပူးပေါင်း၍ စစ်ဆေးအရေးယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Dec 01,2020
သပိတ်ကျင်းမြို့ ပြည်သူ့ဆေးရုံတွင် တက်ရောက်ဆေးကုသနေသည့် ကိုဗစ်-၁၉ ရောဂါပိုးတွေ့အတည်ပြုလူနာ တစ်ဦးဖြစ်သည့် သပိတ်ကျင်းမြို့နယ်(၇)မိုင်ကျေးရွာအုပ်စု (၆)မိုင်ကျေးရွာမှ အသက်(၂၁)နှစ် အရွယ် အမျိုးသမီးသည် သတ်မှတ်ရက်ပြည့်၍ ကျန်းမာရေးကောင်းမွန်သဖြင့် ဆေးရုံမှဆင်းခွင့်ပြုလိုက်ကြောင်း သပိတ်ကျင်းမြို့ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
Dec 01,2020
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့ မိုးယံရွှေလမင်းနှင့်မြတ်ဆုကဋေ ထီဆိုင်မိသားစုမှ သက်ကြီးအဖိုး၊အဖွား (၄၀)နှင့် Quarantine Centre သို့ အလှူငွေနှင့်ပစ္စည်းများကို ယမန်နေ့က လှူဒါန်းခဲ့ကြောင်းသိရသည်။