Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ပြင်ဦးလွင်မြို့နယ်တွင် ကိုဗစ် − ၁၉ ရောဂါ အတည်ပြုလူနာ (၂) ဦး ထပ်မံတွေ့ရှိ
Dec 01,2020
ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး (၂) တွင် ကိုဗစ် − ၁၉ ရောဂါ ပိုးတွေ့လူနာတစ်ဦးနှင့် ရပ်ကွက်ကြီး (၁၀) ရှိ ပိုးတွေ့လူနာအမျိုးသား (သေဆုံး) ၏ မိသားစုများထဲမှ (၁၂) နှစ်အရွယ် (မြေး) အမျိုးသမီးငယ်တွင် ယနေ့ မွန်းလွဲပိုင်းတွင် စစ်ဆေးချက်အရ ကိုဗစ် − ၁၉ ရောဂါ ပိုးတွေ့ ရှိကြောင်း ပြင်ဦးလွင်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ
Dec 01,2020
မိုးညှင်းမြို့နယ် ဒေသခံများဦးစီးသော မူးယစ်ဆေးဝါးအန္တရာယ် လျှော့ချရေးကော်မတီ၏ ဦးဆောင် စီစဉ်မှုဖြင့် မြို့နယ်အတွင်းရှိ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့များ၊ လူမှုကူညီရေးအသင်းအဖွဲ့များ၊ အခြားမိတ်ဖက် အဖွဲ့အစည်းများပူးပေါင်း၍ ယနေ့ကျရောက်သည့် ကမ္ဘာ့ခုခံအား ကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ (WORLD AIDS DAY) အထိမ်းအမှတ်အဖြစ် အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင် ဖြန့်ဝေခြင်းများကို မြို့လယ်သံတံတားပေါ်တွင် ယနေ့နံနက်ပိုင်းက ပြုလုပ် ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ထားဝယ်မြို့၊ ဝဲကျွန်းမြို့သစ် (၁၁) လမ်းသွယ်၌ နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား
Dec 01,2020
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ ၊ ဝဲကျွန်းမြို့သစ်(၁၁)လမ်းသွယ် ၊ (ဎ) ရပ်ကွက်တွင် ယမန်နေ့မွန်းလွဲ (၁) နာရီ ၃၅ မိနစ်အချိန်ခန့်က လင်မယားချင်းစကားများပြီး နေအိမ်အား ထင်းမီးစဖြင့် အမိုးပေါ်ပစ်ခဲ့ရာ အမိုးများမီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိတ္ထီလာမြို့နယ် မိတ္ထီလာ-ကျောက်ပန်းတောင်း သွားကားလမ်း မြတ်နိုးသူဂိတ်တွင် ယာဉ်အန္တရာယ်ကင်းရှင်းရေးဆောင်ရွက်ရာမှ လိုင်စင်မဲ့မော်တော်ယာဉ် တစ်စီးဖမ်းဆီးမိ
Dec 01,2020
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် မိတ္ထီလာ-ကျောက်ပန်းတောင်း သွားကားလမ်း မြတ်နိုးသူဂိတ်တွင် ယမန်နေ့ ညန ၅ နာရီ အချိန်က ယာဉ်အန္တရာယ် ကင်းရှင်းရေး ဆောင်ရွက်ရာမှ လိုင်စင်မဲ့မော်တော်ယာဉ်တစ်စီး ဖမ်းဆီးရမိခဲ့ကြောင်း အမှတ် (၉၆) ယာဉ်ထိန်း ရဲတပ်ဖွဲ့စုထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
အုတ်တွင်းမြို့နယ်တွင် အားကစားအထောက်အကူပြုပစ္စည်းများ၊ လေ့ကျင့်ရေးနှင့် ပြိုင်ပွဲသုံး အားကစားပစ္စည်းပေးအပ်ပွဲ အခမ်းအနားကျင်းပ
Dec 01,2020
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့တွင် နိုင်ငံ့ဂုဏ်ဆောင် အရည်အသွေး ပြည့်ဝသော အားကစားသစားသမားကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်ချက် အားကစားအထောက်အကူပြု ပစ္စည်းများ၊ လေ့ကျင့်ရေးနှင့် ပြိုင်ပွဲသုံး အားကစားပစ္စည်းများ ပေးအပ်ပွဲ အခမ်းအနားကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချူပ်ရေး ညွှန်ကြားချက်များနှင့်အညီ ယနေ့ နေ့လယ် (၁၁) နာရီအချိန်က မြို့နယ် အားကစားခန်းမတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရွှေတောင်မြို့နယ်၌ ဖြစ်ထွန်းအောင်မြင်လျက်ရှိသော မိုးစပါးခင်းများ ရုတ်သိမ်း
Dec 01,2020
ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ်အတွင်းရှိ မိုးစပါးစိုက်တောင်သူများ စိုက်ပျိုးထားသော မိုးစပါးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိသော စပါးခင်းများ ရုတ်သိမ်းလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကြံခင်းမြို့ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း ပြည်သူများ ကျန်းမာကြံ့ခိုင် ရောဂါ ကာကွယ်နိုင်ရေး အသိပညာပေး ပိုစတာ ချိတ်ဆွဲစိုက်ထူ…
Dec 01,2020
ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်မှု၊ ဧရာဝတီတိုင်းဒေသကြီး အား/ကာ ဦးစီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း မြို့နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ ပြည်သူများအား ကျန်းမာရေးအသိပညာ လှုံ့ဆော်ရေးပိုစတာများကို ယမန်နေ့နေ့လည်ပိုင်းက လမ်းမတော်လမ်းတွင် လမ်းဖြတ် ပိုစတာချိတ်ဆွဲခြင်းနှင့် ဗိုလ်ချုပ်လမ်းတင်းနစ်ကွင်းရှေ့တွင် လှုံ့ဆော်ရေးအသိပညာပေး မြေစိုက်ပိုစတာများ စိုက်ထူခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် ကုန်းဇောင်းတိုက်နယ်ဆေးရုံ အသစ်ပြန်လည်ဆောက်လုပ်ပြီးစီးမှုအား လုပ်ငန်းအရည်အသွေးပြည့်မီမှု ရှိ/မရှိ တာဝန်ရှိသူများအဖွဲ့ ကွင်းဆ…
Dec 01,2020
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် ကုန်းဇောင်းတိုက်နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေး ပြုစု စောင့်ရှောက်မှုလုပ်ငန်းများ အဆင်ပြေစွာ ကုသဆောင်ရွက်ပေးနိုင်ရေးအတွက် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာ ရေးနှစ်၊ ပြည်ထောင်စု ဘတ်ဂျတ်ခွင့်ပြုရန်ပုံငွေဖြင့် ယခင်မူလရှိ ဆေးရုံဟောင်းအဆောက်အဦအား အသစ်ပြန် လည်တည်ဆောက်ခြင်းလုပ်ငန်း ရာနှုန်းပြည့်တည်ဆောက်ပြီးစီးမှုအခြေအနေအား ဒီဇင်ဘာ ၁ ရက် ၊ ယနေ့ နံနက် ၉ နာရီက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းထွန်း ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင့်ဆန်းနှင့် မြို့နယ်တည်ဆောက်ရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီအဖွဲ့မှ တာဝန်ရှိသူများက သတ်မှတ်စံချိန်စံညွှန်းများနှင့် အညီ လုပ်ငန်းအရည်အသွေး ပြည့်မီမှု ရှိ/မရှိ ကွင်းဆင်း ကြည့်ရှုစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
28090
Page
28091
Page
28092
Page
28093
Current page
28094
Page
28095
Page
28096
Page
28097
Page
28098
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department