အမြို့မြို့အနယ်နယ်သတင်းများ

Dec 01,2020
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ အားလပ်ချိန်များတွင် စိတ်အပန်းဖြေ နိုင်ရန်နှင့် ကျန်းမာရေးအတွက် အထောက်အကူပြုစေရန် ရည်ရွယ်၍ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းသိန်းအောင် ဦးဆောင်မှုဖြင့် ပွင့်ဖြူ - စလင်း - မင်းဘူး - မကွေး သွားကားလမ်း မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးရှေ့တွင် အားကစားလေ့ကျင့်ခန်းများ စီစဉ်ဆောင်ရွက်ထားရှိပေးထားရာ ယနေ့ နံနက်ပိုင်းက မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများက နံနက်စောစော လမ်းလျှောက်ရင်း လာရောက်လေ့ကျင့်အပန်းဖြေနေကြသည်ကို တွေ့ရသည်။
Dec 01,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်း၊ဝန်းသို၊ပင်လည်ဘူးမြို့နယ်တို့တွင် မိုးစပါးများကို စတင် ရိတ်သိမ်းနေပြီဖြစ်သော်လည်း အောက်တိုဘာ ၂၂ရက်နေ့မှ၂၆ရက်နေ့အထိ မိုးဆက်တိုက်ရွာ သွန်းမှုကြောင့် ဧရာမင်း ဒေသအခေါ်(ကျောက်ဆည်) စပါးပင်များလဲကျကာ မြေပြင်သို့ ကပ်နေ သဖြင့် စပါးပင်များရိတ်သိမ်းကြရန်အတွက် ရိတ်သိမ်းခြွေလှေ့စက်များငှားရမ်းရာတွင် ရိတ်သိမ်းခ ပုံမှန်ဈေးထက် ထက်ဝက်ခန့်မြင့်တက်ပြီး ရိတ်သိမ်းခြွေလှေ့စက်များ ငှာရမ်းရန် အခက်အခဲဖြစ် နေလျက်ရှိကြောင်းသိရသည်။
Dec 01,2020
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်ပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူ နေသော ကိုဗစ်-၁၉ရောဂါအတည်ပြုလူနာ အမျိုးသား(၁)ဦးသည် သတ်မှတ်ရက်(၁၁)ရက် စောင့်ကြည့် ကုသပြီးဖြစ်၍ ယမန်နေ့နေ့လယ်ပိုင်းက ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။
Dec 01,2020
မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်၌ မွန်ပြည်နယ်အတွင်း အနယ်နယ်အရပ်ရပ်မှ ရောက်ရှိလာသည့် ရွှေ့ပြောင်းလုပ်သားများအား ယနေ့နံနက်(၉)နာရီက မြို့မ(၂)ရပ်ကွက် အုတ်ဖို ကွင်း၌ RDT Test Kit ဖြင့် နှာခေါင်းနှင့် အာခေါင်တို့ဖတ် နမူနာရယူ၍ ကိုဗစ်- ၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးခဲ့သည်။
Dec 01,2020
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်း ချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းမှ စ၍ မြို့နယ် ဌာနဆိုင်ရာများ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေးအသိပညာ မြှင့်တင် ရေးနှင့် ပြုမူပြောင်းလဲရေး ဆက်သွယ်ပညာပေး လူထုလှုပ်ရှားမှု စီမံချက် (Mask and Face Shield Campaign) ကို မြို့နယ်အတွင်း လူစည်ကားရာနေရာများတွင် ပြုလုပ်ခဲ့သည်။
Dec 01,2020
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့၌ မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် တိရစ္ဆာန်များကို ကူးစက်ရောဂါများ မဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ဆေး ထိုးနှံခြင်း လုပ်ငန်းများကို အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း သိရပါသည်။
Dec 01,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ ဈေးဝယ်လာရာတွင် အဆင်ပြေ ချောမွေ့စေ ရန်နှင့် ဈေးရောင်း ချသူများ ရောင်းချရာတွင် အဆင်ပြေစေရန် ရည်ရွယ်၍ ဘိုကုန်ဈေး တည်ဆောက်ပြုပြင် ခြင်းလုပ်ငန်းအား စံချိန်စံညွှန်းနှင့်အညီ အမြန်ပြီးစီးရေးကို ယမန်နေ့ နံနက်(၁၁) နာရီ အချိန်က တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
Dec 01,2020
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသ နိုင်ရေးအတွက် သိမ်ဖြူလက်ဝှေ့ရုံရှိ Community Based Facility Quarantine Centre တွင် အသွား အလာ ကန့်သတ်ထားသူ (၇၁) ဦးထံမှ နှာခေါင်းနှင့်အာခေါင်းတို့ပတ် များရယူ၍ ကိုဗစ်-၁၉ ရောဂါပိုး ရှိ/ မရှိ စစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက လာရောက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။