Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
လှိုင်းဘွဲမြို့နယ် ထီးတာဟော်ကျေးရွာ သံကူကွန်ကရစ်တံတားဆောက်လုပ်ခြင်းလုပ်ငန်း (၈၀)ရာခိုင်နှုန်းပြီးစီး
Dec 01,2020
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ်အကူအညီဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသော လူထုဗဟိုပြုစီမံကိန်း (တတိယနှစ်စက်ဝန်း)တွင် ကွမ်တာကျေးရွာ အုပ်စု၊ ထီးတာဟော်ကျေးရွာ သံကူကွန်ကရစ်တံတားဆောက်လုပ်ခြင်း (အလျှား ၂၁ပေ x အနံ ၁၈ပေxအမြင့် ၁၀ပေ)လုပ်ငန်းကို လူထုဗဟိုပြုစီမံကိန်းထောက်ပံ့ငွေ (၂၃,၅၀၀,၀၀၀)ကျပ်ဖြင့် အကောင်ထည်ဖော်ဆောင်ရွက်နေရာတွင် (၈၀)ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ရှမ်းရွာသစ်မြို့အမှတ်(၂)ရပ်ကွက်ရှိ ဇီဇဝါလမ်း အုတ်စီရေမြောင်းခင်းခြင်းလုပ်ငန်း(၆၀)ရာခိုင်နှုန်းပြီးစီး
Dec 01,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့စည်ပင်သာယာရေးအဖွဲ့မှ နှစ်စဉ်ခွင့်ပြုရန်ပုံငွေများဖြင့် မြို့သန့်ရှင်းသာယာလှပစေရေးနှင့် ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် မြို့တွင်း ရပ်ကွက်များတွင် ရေစီး ရေလာကောင်းမွန်စေရေးအတွက် ရေမြောင်းများတူးဖော်ခြင်း၊ အများပြည်သူသွားလာမှု လွယ်ကူအဆင် ပြေစေရေးအတွက် လမ်းနှင့်တံတားများကို ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိ သည်။
အပြည့်အစုံ ဖတ်ရန်
အင်းစိန် (GTI) Quarantine Center (၁)တွင် ဝင်ရောက်နေသော ပြည်သူများ (၇)ရက်ပြည့်ပြီး ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရှိ၍ (၈၀)ဦး နေအိမ်ပြန်ခွင့်ရ
Dec 01,2020
ရန်ကုန်တိုင်းဒေသကြီး၊မြောက်ပိုင်းခရိုင်၊အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန် ရည်ရွယ်၍ အင်းစိန်(GTI) Quarantine Center (၁)တွင် ဝင်ရောက်နေသော ပြည်သူများ (၇)ရက်ပြည့်ပြီး ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရှိ၍ ယနေ့ နံနက်(၁၀)နာရီအချိန်က (၈၀)ဦး နေအိမ် ပြန်ခွင့် ရရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကမာရွတ်မြို့နယ်အတွင်းရှိ ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် အမှတ် ၇ ရပ်ကွက် ဟံသာဝတီစျေး၌ Mask Campaign ပြုလုပ်ဆောင်ရွက်
Dec 01,2020
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်နှံ့မှု ကြိုတင်ကာကွယ် ထိန်းချုပ်ရေးအတွက် အမှတ် ၇ ရပ်ကွက်ရှိ ဟံသာဝတီစျေး၊ နှင့် လူစည်ကား ရာနေရာများတွင် နှာခေါင်းစည်း MASK CAMPAIGN ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပုဂံ-ညောင်ဦးရှေးဟောင်းယဉ်ကျေးမှုဇုန်ရှိ ဘုရားများဆီမီးပူ ဇော်ကြ
Dec 01,2020
မန္တလေးတိုင်းဒေသကြး ညောင်ဦးခရိုင် ပုဂံ-ညောင်ဦးရှေးဟောင်းယဉ်ကျေးမှုဇုန်ရှိ ရှေးဟောင်းစေတီပုထိုးများအား ၂၀၂၀ပြည့်နှစ် နိုဝင်ဘာ ၂၉ ရက်၊ နေ့ည ၆နာရီခွဲအချိန်မှစတင်ကာ ပုဂံ-ညောင်ဦးဒေသခံများက ဆီမီး ပူဇော်ခဲ့ကြကြောင်း ဦးနေဝင်းမောင်ထံကသိရသည်။
အပြည့်အစုံ ဖတ်ရန်
မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့တွင် စပါးမျိုးစေ့ထုတ်စိုက်ခင်း ကွင်းသရုပ်ပြ
Dec 01,2020
ဂန့်ဂေါမြို့နယ်အတွင်း ကိုဗစ် ၁၉ စီးပွားရေးကုစားမှုအစီအစဉ် CERP အရဆောင်ရွက် သော ၂၀၂၀ ပြည့်နှစ် မိုးရာသီ ဆင်းသုခစပါးမျိုး မျိုးစေ့ထုတ်စိုက်ခင်းများ ကွင်းဆင်းစစ်ဆေး ခြင်း Field Inspection ဆောင်ရွက်မှု ကွင်းသရုပ်ပြပွဲကို ယနေ့ နံနက်ပိုင်းက ရွှေဘိုကျေးရွာ ယောအားမာန်မျိုးစေ့ထုတ်သမဝါယမအသင်းလိမိတက် အသင်းသား တောင်သူ ဦးသန်းဖေ၏ လယ်တွင် ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ဒေးဒရဲမြို့ရှိ Facility Quarantine Centre များသို့ အလှူငွေများ၊ ထမင်းဘူးများနှင့် ရေသန့်ဘူးများ လာရောက်လှူဒါန်း
Dec 01,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့၌ ဖွင့်လှစ်ထားရှိသည့် Facility Quarantine Centreများရှိ ကျန်းမာရေး ဝန်ထမ်းများနှင့် Quarantine ဝင်ရောက်လျက်ရှိသူများအတွက် ထမင်းဘူးများ၊ ရေသန့်ဘူးများနှင့် အလှူငွေများအား ယမန်နေ့ နံနက်ပိုင်းက လာရောက်လှူဒါန်း ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပုသိမ်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး မြို့အဝင်/အထွက်ဂိတ်တွင် နေ့စဉ် ကြပ်မတ်စစ်ဆေး ဆောင်ရွက်
Dec 01,2020
ပုသိမ်မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးနှင့် ရောဂါကူးစက်ပျံ့နှံ့မှု မရှိစေရေးအတွက် မြို့နယ်အဆင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး မကော်မတီဝင်များ ဦးဆောင်၍ မြို့နယ်ဌာနဆိုင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် မြို့အဝင်/အထွက် စစ်ဆေးရေးဂိတ်တွင် ဖြတ်သန်း သွားလာသည့် ခရီးသွားပြည်သူများနှင့် မော်တော်ယာဉ်များအား နေ့စဉ်ကြပ်မတ်စစ်ဆေး ဆောင်ရွက် လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
28097
Page
28098
Page
28099
Page
28100
Current page
28101
Page
28102
Page
28103
Page
28104
Page
28105
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department