အမြို့မြို့အနယ်နယ်သတင်းများ

Nov 28,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက်ကံမြို့သစ် ရပ်ကွက် အ.ထ.က(ခွဲ) လ(၁၀)ကျောင်း၌ ကိုဗစ်-၁၉ရောဂါရှိသူများနှင့် ဆက်စပ်သူများ ထားရှိရန် သီးသန့်ဖွင့် လှစ်ထားသည့် Quarantine Center၌ ကိုဗစ်-၁၉ ရောဂါကာကွယ် ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် အလှူရှင်များမှ အလှူငွေများကို ယနေ့ နံနက် ၁၀ နာရီက လာရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။
Nov 28,2020
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မှ လူထုဗဟိုပြုစီမံကိန်း (တတိယနှစ်စက်ဝန်း)တွင်​ အကောင်အထည်ဖေါ်ဆောင်ရွက်မည့် ကမော့ကချူး​ကျေးရွာ အုပ်စု ​ရေမင်းသာယာ​ကျေးရွာတွင် ရွာတွင်းကွန်ကရစ်လမ်းလုပ်ငန်းကို ယမန်နေ့က စတင် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
Nov 28,2020
ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ် အ-ထ-က(၇)အလုံ အသွားအလာကန့်သတ် စောင့်ကြည့်နေရာရှိ အသွားအလာ ကန့်သတ်ထား သူများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများအတွက် ယမန်နေ့က ​​ရေသန့်ကတ်နှင့် မုန့်များလာရောက် လှူဒါန်းခဲ့ကြောင်းသိရသည်။
Nov 28,2020
ရန်ကုန်အနောက်ပိုင်းခရိုင် အလုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေးအတွက် အသိပေး နှိုးဆော်ခြင်းနှင့် Mask and Face Shield Campaign ကို ယမန်နေ့နံနက်ပိုင်းက ဆင်မင်း​စျေးနှင့် အလုံ​စျေးတို့တွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။
Nov 28,2020
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် Mask တပ်ဆင်ခြင်းရှိ၊ မရှိစစ်ဆေးဆောင်ရွက်ခြင်းကို တွံတေး စည်ပင် သာယာ မြို့မစျေး ကြီးနှင့်၊ ဗောင်းတော်ချုပ်ဘုရားလမ်းဆုံတို့၌ ယနေ့နံနက်ပိုင်းက ပြုလုပ်ဆောင်ရွက်ခဲ့သည်။