အမြို့မြို့အနယ်နယ်သတင်းများ

Nov 20,2020
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့် ကာပညာဦးစီးဌာနတို့ ပူပေါင်း၍ Stay at home နေထိုင်ကြသော ပြည်သူများ ကျန်းမာကြံ့ခိုင်ပြီး အားကစားဝါသနာပါသော လူငယ်လူရွယ်များ ကျန်းမာရေးလိုက်စားသူများ လိုက်ပါဆောင်ရွက် နိုင်ရေးကို ရည်ရွယ်၍ လှုပ်လှုပ်ရှားရှား အားကစားအစီအစဉ်အား Online မှ တစ်ဆင့် ယနေ့ မွန်းလွဲ ၃ နာရီအချိန်က မြို့နယ်ပြန်/ဆက်ဦးစီးဌာန Community Centre ခန်းမ၌ တင်ဆက်ပေးခဲ့သည်။
Nov 20,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၊ မြို့နယ်ပြည်သူ့ဝန်ဆောင်မှုရုံး (OSS) ၌ ယနေ့နေ့လည် (၁) နာရီအချိန် က မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် လွိုင်လင်ဘဏ်ခွဲမှ ဆောင်းသီးနှံစိုက်ပျိုးစရိတ်အတွက် ချေးငွေများ လာရောက်ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
Nov 20,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် စားသောက်ဆိုင်နှင့် လ္ဘက်ရည်ဆိုင်များကို ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ တားဆီးရေးဆိုင်ရာ စံသက်မှတ်ချက်များနှင့်အညီ ဖွင့်လှစ်ရောင်းချနိုင်ရေးအတွက် ယနေ့နံနက် (၁၀)နာရီအချိန်ခန့် က မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီဝင်များက ကွင်းဆင်းစစ်ဆေးခဲ့သည်။
Nov 20,2020
၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ (၁) ရက်နေ့တွင် ကျရောက်မည့် ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀)ပြည့် အထိမ်း အမှတ် “ရာပြည့် တက္ကသိုလ် မြကျွန်းညို” ကာတွန်းပြိုင်ပွဲအား ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စီစဉ်ကျင်းပခဲ့သည်။
Nov 20,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၊ ပင်တွန်ကျေးရွာအုပ်စု၊ နောင်ဖက်ပုန်းကျေးရွာတွင် CERP) အစီအစဉ်ဖြင့် တောင်သူ ဦးတညာ စိုက်ပျိုးထားသော မိုးစပါး (Rs to cs) မျိုးသန့်မျိုးပွားမျိုးစေ့ထုတ်စံကွက် (၂)ဧကတွင်ရိတ်သိမ်းမည့် အနှံပါပင်ပွား၊ တစ်နှံပါအောင်စေ့၊ စပါးအစို ဓာတ်တိုင်းတာခြင်း၊ အလေးချိန်စသည့်စံနှုန်း တိုင်းတာခြင်းနှင့် ရိတ်သိမ်းခြင်းကို ယနေ့နံနက် ၉ နာရီအချိန်ခန့် က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Nov 20,2020
မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် ဘီးလင်းမြို့နယ် စည်ပင်သာယာရေး ဝန်ထမ်းများနှင့် နေ့စား လုပ်သား များအား ဆန်နှင့်ဆီ ရိက္ခာများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက ဘီးလင်းမြို့နယ် စည်ပင် သာယာရေး အဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Nov 20,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၊ ဒုံအုံးရပ်ကွက်တွင် ဆောက်လုပ်ပြီးစီးသော (၁၆)ကုတင်ဆန့် တိုက်နယ်ပြည်သူ့ဆေးရုံတွင် လျှပ်စစ်ဓာတ်အားရရှိရေး အတွက် လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေအား သက်ဆိုင်ရာတာဝန်ရှိသူများက ယနေ့နံနက် (၁၀) နာရီခန့် က ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
Nov 20,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ် ကျောက်အိုးကျေးရွာတွင် ကိုဗစ်-၁၉-ကပ်ရောဂါ ကြောင့် စီးပွားရေးထိခိုက်မှုအပေါ် သက်သာ ရေးစမံချက်(CERP) အစီအစဉ်ဖြင့် စိုက်ပျိုးထားသည့် မိုးစပါး ဧရာမင်းစံပြကွက်ရိတ်သိမ်းခြင်းအား တောင်သူ ဦးခင်မောင်မြင့်၏ လယ်ကွင်းတွင် ယနေ့နံနက် (၁၀)နာရီ အချိန်ကဆောင်ရွက်ခဲ့ကြသည်။