အမြို့မြို့အနယ်နယ်သတင်းများ

Nov 21,2020
ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့နယ်တွင် ပြည်ထောင်စုလွှတ်တော် ရန်ပုံငွေဖြင့် ကျေးရွာလမ်း ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဦးစားပေး ရွေးချယ်ဆောင်ရွက်နိုင်ရန် ယမန်နေ့နံနက်ပိုင်းက ကြံခင်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
Nov 21,2020
ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (FAO)နှင့် စိုက်ပျိုးရေးဦးစီးဌာနပူးပေါင်း၍ ဝန်ထမ်းများ စွမ်းဆောင် ရည်ပိုမိုမြင့်မားပြီး တောင်သူအကျိုးပြုလုပ်ငန်းများကို ပြောင်းလဲလာသော ရာသီဥတုအမှီပြုကာ သဟဇာတဖြစ်အောင် စိုက်ပျိုးရေးနည်းစနစ်(ရက်တို)သင်တန်းကို ယမန်နေ့ နံနက် ၉ နာရီက တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ရုံးခန်းအတွင်း ကျင်းပရာ တနင်္သာရီတိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန မြေအသုံးချရေးဌာနခွဲမှလက်ထောက်ညွှန်ကြားရေး မှူး ဒေါ်လှလှဝင်း၊ မျိုးစေ့ဌာနခွဲမှလက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းမြိုင်၊ သီးနှံကာကွယ် ရေးဌာနခွဲမှ ဦးစီးအရာရှိ ဒေါ်အေးသန္တာစိုးနှင့် မြိတ်ခရိုင်/တနင်္သာရီမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ညောင်ပင်ကွင်းကျေးရွာ နှစ်ရှည်ခြံမှဝန်ထမ်းများအစရှိသည့် သင်တန်းသား(၃၀)ဦးတို့ တက်ရောက်ခဲ့ကြသည်။
Nov 21,2020
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်တင့်တင့်ရဲသည် ဌာနဝန်ထမ်းများနှင့်အတူ ယမန်နေ့ နံနက် ၁၁ နာရီခွဲက အနောက်မော်တုန်းကျေးရွာအုပ်စု-နန်းစိမ့်ပြင်ကျေးရွာ ငါးအဝယ်ဒိုင်နေအိမ်၌ ရေလုပ်ငန်းလုပ်ကိုင် ၍ အသက်မွေးဝမ်းကြောင်းပြုနေသူ ရေလုပ်သားများကို ငါးသယံဇာတ ထိန်းသိမ်းရေးအတွက် အသိပညာပေးတားမြစ် ဆွေးနွေးကြောင်း သိရှိရသည်။
Nov 21,2020
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လသာမြို့နယ်၊ ရန်ကုန်ပြည်သူ့ဆးရုံကြီးအရေးပေါ်ဝင်ပေါက်ဘေးမှ လူနာစောင့်များအား ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးနှင့် ကူးစက်ပြန့်ပွားမှုများ မဖြစ်ပေါ်စေရေးအတွက် ပါးစပ်၊ နှာခေါင်းစည်း(mask)များ အခမဲ့ဖြန့်ဝေပေးခြင်းနှင့် အခြားနေရာသို့ ပြောင်းရွှေ့ပေးနိုင်ရေး ဆွေးနွေးခြင်းလုပ်ငန်းများ ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
Nov 21,2020
ပဲခူးတိုင်းဒေသကြီး၊မင်းလှမြို့နယ်၌ Quarantine ထားရှိသူများအနက်မှ (၉၂)ဦးနှင့် ဒေသတွင်းကူးစက်ခံရသူ(၂)ဦး နှင့်ထိစပ်ခဲ့သည့်(၂၆)ဦး၏ Swab နမူနာများအား မြို့နယ်ကျန်းမာရေး ဦးစီးဌာနက RDT test kit ဖြင့် ဓာတ်ခွဲခန်းစစ်ဆေးရန် ယမန်နေ့က ရယူခဲ့ကြောင်းသိရသည်။
Nov 21,2020
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်အတွင်း GAP စနစ်ဖြင့် စိုက်ပျိုး ထားသော ဆောင်းမြေပဲသီးနှံစိုက်ခင်းများ၌ ရောဂါပိုးမွှားကျရောက်မှုအန္တရာယ်မှ ကာကွယ်နိုင်စေရန် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက မြေပဲစိုက်တောင်သူများကို ရွှေတမာ ပိုးသတ်ဆေးများ ထောက်ပံ့ပေးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးသိန်းနိုင်ဝင်းထံမှ သိရသည်။
Nov 21,2020
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ယနေ့ နံနက်ပိုင်းက သက်ကြီးရွယ်အိုများအား ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် မိန်းကလေးငယ် များအား သားအိမ်ခေါင်း ကင်ဆာကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းများကို ရွှေဇင်ယော်ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးတွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
Nov 21,2020
ဂန့်ဂေါခရိုင် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၆/၂၀၂၀) ကို ယမန်နေ့က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။