အမြို့မြို့အနယ်နယ်သတင်းများ

Nov 20,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန်နှင့် ကြိုတင်ကာကွယ်နိုင်စေရန် ရည်ရွယ်၍ အင်းစိန်မြို့နယ်အတွင်းရှိ ဖွင့်လှစ်ထားသည့် စက်ရုံများတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့် အညီ ဆောင်ရွက် ထားမှု ရှိ/မရှိ လိုက်လံစစ်ဆေးခြင်းကို ယမန်နေ့ နံနက်(၉)နာရီ အချိန်က စက်မှုဇုန် (၃၊၄)တွင် လိုက်လံ စစ်ဆေးခဲ့ကြောင်း သိရသည်။
Nov 20,2020
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင်အတွင်းရှိ အသက် ၁၀၀ နှစ်အထက် သက်ကြီး ရွယ်အို ဘိုးဘွားများအား တစ်ဦးလျှင် လူမှုရေးပင်စင် ကျပ် ၃၀၀၀၀ အပြင် ထပ်ဆောင်းထောက်ပံ့ ငွေ ကျပ် ၃၀၀၀၀ စုစုပေါင်း ကျပ် ၆၀၀၀၀ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ခရိုင်လူမှုဝန်ထမ်း ဦးစီးဌာနရုံးက သိရသည်။
Nov 20,2020
ကိုဗစ်-၁၉ ရောဂါ ပျံ့ပွားမှုအား ကာကွယ်တားဆီးနိုင်ရေးအတွက် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာ ထားသည့် ညွှန်ကြားချက်များနှင့်အညီ လူစုလူဝေးမဖြစ်ပေါ်စေရန် အတွက် ရန်ကုန်တောင် ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်ရှိ ဈေးများတွင် Mask စနစ်တကျ တပ်ဆင် ရေး စစ်ဆေးမှုများကို ယနေ့ နံနက် ၉ နာရီက စည်ပင်သာယာမြို့မဈေးနှင့် ကားဂိတ်တို့တွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Nov 20,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန်နှင့် ကြိုတင်ကာကွယ်နိုင်စေရန် ရည်ရွယ်၍ အထွေထွေရောဂါကုဆေးရုံကြီး(အင်းစိန်)သို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးသုံး ပစ္စည်းများနှင့် အလှူငွေများကို ယမန်နေ့ နံနက်ပိုင်းက အထွေ ထွေရောဂါ ကုဆေးရုံကြီး (အင်းစိန်) တွင် အလှူရှင်များက အသီးသီး လှူဒါန်းခဲ့ကြောင်း သိရသည်။
Nov 20,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန် ရည်ရွယ်၍ ရပ်ကွက်များသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်စေရန် မီးသတ်ယာဉ်ဖြင့် လှည့်လည်ကာ အသိပညာပေးနှိုးဆော်ခြင်းကို ယမန်နေ့ည(၇)နာရီအချိန်က နှိုးဆော်ခဲ့သည်။
Nov 20,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ လော်ကော်ကျေးရွာတွင် လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ် အကူအညီဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော လူထုဗဟိုပြုစီမံကိန်း (တတိယနှစ်စက်ဝန်း) တွင် စီမံကိန်းလုပ်ငန်းခွဲ များ ဆောင်ရွက်ရန်အတွက် လော်ကော်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ယမန်နေ့က (ဒုတိယအကြိမ်) နည်းပညာ အစည်းအဝေး ပြုလုပ်ခဲ့ကြောင်း သိရသည်။
Nov 20,2020
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကလောမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်၊ ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ နှင့် တာဝန်ရှိသူများ၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ တို့ဖြင့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက် နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ညနေ (၃:၃၀) အချိန်ခန့် က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Nov 20,2020
သာပေါင်းမြို့ ဌာနပေါင်းစုံ စုပေါင်းဘုံကထိန် ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညနေ့ ၃ နာရီအချိန်က ပြည်အေးခန်းမ၌ ကျင်းပခဲ့သည်။