အမြို့မြို့အနယ်နယ်သတင်းများ

Nov 20,2020
ဂန့်ဂေါခရိုင် ထီးလင်းမြို့တွင် မြို့နယ်ရွှေထီးခန်းမ အုတ်ခြံစည်းရိုး ကာရံခြင်းနှင့် သံပန်းတံခါး ပြုလုပ် ခြင်းလုပ်ငန်းများကို မြို့နယ် စည်ပင်သာယာရေးအဖွဲ့က အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
Nov 20,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန်နှင့် ကြိုတင်ကာကွယ်နိုင်စေရန် ရည်ရွယ်၍ အထွေထွေရောဂါကုဆေးရုံကြီး (အင်းစိန်)၊ ဖျားနာဆောင်တွင် တက်ရောက်ဆေးကုသမှု ခံယူနေရသော လူနာများအတွက် အသင့်စားသုံးနိုင် သည့် ကြာဇံကြော်ပွဲ(၁၀၀)ကို ယမန်နေ့ နံနက်ပိုင်းက အထွေထွေရောဂါ ကုဆေးရုံကြီး (အင်းစိန်) တွင် လာရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။
Nov 20,2020
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်တွင် ယခုလအတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်မှုနှုန်း မြင့်မားလာကာ နိုဝင်ဘာ ၁၈ ရက်အထိ ကိုဗစ် အတည်ပြုလူနာ (၁၀၅)ဦးရှိပြီး၊ ယင်းနေ့ညနေတွင် (၁)ဦး သေဆုံးခဲ့ကြောင်း မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှသိရသည်။
Nov 20,2020
ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်တွင် ၂၀၂၀ -၂၀၂၁ ဘဏ္ဍာရေးနှစ် အခြေခံပညာ ကျောင်းများမှ သာမန်အသုံးစရိတ်ဖြင့် ရန်ပုံငွေရရှိသည့် ကျောင်းများအနေဖြင့် ခွင့်ပြုရန်ပုံငွေ အပေါ် လုပ်ငန်းများဆောင်ရွက်နိုင်ခြင်းရှိ/မရှိကို ယနေ့နံနက်ပိုင်းက သံတောင်ကြီးမြို့ အထက ကျောင်းရှိ မိုးလုံလေလုံအားကစားခန်းမတွင် မြို့နယ်ပညာရေးမှူးက ကျောင်းအုပ်များ၊ ကျောင်းဆောက်လုပ်ရေး ကော်မတီများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
Nov 20,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန်၊ ဈေးရောင်းသူနှင့် ဈေးဝယ်လာသူများ အဆင်ပြေချောမွေ့စေရန် ရည်ရွယ်၍ အင်းစိန် မြို့နယ်အတွင်းရှိ ဈေးများတွင် နေ့စဉ် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Nov 20,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ် ဥပဒေအထောက်အကူပေးရေးအဖွဲ့မှ အဖွဲ့ရည်ရွယ်ချက်များဖြစ်သော ဥပဒေဆိုင်ရာအထောက်အကူပေးရာတွင် ဥပဒေအရာ၌ မျှတမှုနှင့် တန်းတူညီမျှမှုအခွင့်အရေးများ ရရှိစေရန် ရည်ရွယ်၍ အသိပညာပေးလက်ကမ်းစာစောင်များကို ယမန်နေ့ညနေပိုင်းက သွားရောက် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
Nov 20,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ ဈေးဝယ်လာရာတွင် အဆင်ပြေချောမွေ့စေရန်နှင့် ဈေးရောင်းချသူများ ရောင်းချရာတွင် အဆင်ပြေစေရန် ရည်ရွယ်၍ ဘိုကုန်ဈေး မြေညီထပ်အပြီးသတ်ဆောက်လုပ်နေသည့် လုပ်ငန်းကို ယမန်နေ့ နေ့လယ်(၁) နာရီ အချိန်က စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌမှ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
Nov 20,2020
ကရင်ပြည်နယ် ဘားအံခရိုင် သံတောင်ကြီးမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကူးစက် ပြန့်ပွားမှု မရှိစေရန်၊ ဈေးရောင်းဈေးဝယ်သူများနှင့် အပြင်သွားလာသူများအား Mask နှင့် Face Shield Campaign ဆောင်ရွက်ခြင်းကို မြို့နယ်ဆရာဝန် ဒေါက်တာစည်သူစန်းက ဦးဆောင်၍ ယနေ့နံနက်ပိုင်းက ရပ်ကွက်(၄) လမ်းဆုံနှင့် ဈေးဆိုင်များတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။