အမြို့မြို့အနယ်နယ်သတင်းများ

Nov 20,2020
မန္တလေး လူငယ်သင်တန်းကျောင်းနှင့် ပုသိမ်ကြီးလူငယ်သင်တန်းကျောင်းများတွင် ကိုဗစ် - ၁၉ ရောဂါ ကူးစက်မှုမဖြစ်ပေါ်စေရန်အတွက် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် အညီ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Nov 20,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့မစျေး၊ ယာယီပျံကျစျေးနှင့် လူသွားလူလာမှု များပြားသည့် လမ်းဆုံများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ခြင်းဆိုင်ရာကျန်းမာရေး အသိပညာမြှင့်တင်ရေးနှင့် နှာခေါင်းစည်းမဖြစ်မနေတပ်ဆင်ရေး လှုပ်ရှားမှုအဖြစ် ယနေ့နံနက် ၆နာရီခွဲ ကစတင်၍ Mask Campaign ကိုအရှိန်အဟုန်မြှင့်ဆောင်ရွက်သည်။
Nov 20,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန ရုံးရှေ့ မြေစိုက်နံရံကပ်ပြဘုတ်တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင် ကို ယနေ့ နံနက်(၁၀)နာရီက ပြသခဲ့ကြောင်းသိရသည်။
Nov 20,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အတွက် Mask Campaign ကို ယနေ့နံနက် ၇ နာရီအချိန် က လူစည်ကားရာနေရာများဖြစ်သည့် မင်္ဂလာဈေးနှင့် အခွန်လွတ်ဈေးတို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Nov 20,2020
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ယနေ့နံနက်(၁၀)အချိန်က တံတားဦးမြို့ပေါ် ရပ်ကွက်များတွင်း ကိုဗစ်-၁၉ ရောဂါ
Nov 20,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် အသိပညာပေး နံရံကပ် စာစောင်များပြသခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ မြေစိုက်နံရံကပ် ပြဘုတ်နှင့် သီးသန့်ပြဘုတ်တို့တွင် ယနေ့နံနက် ၁၀ နာရီအချိန်ခန့် က အသစ်လဲလှယ်ပြသ ဆောင်ရွက်ထားရှိကြောင်း သိရသည်။
Nov 20,2020
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ (၁၇)ကြိမ်မြောက် ဌာနဆိုင်ရာများ စုပေါင်းမဟာဘုံကထိန်ပွဲကို ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ရေးနှင့်အညီ ကျင်းပနိုင်ရေးညှိနှိုင်း ဆွေးနွေးခြင်းကို ယနေ့ နံနက် ၁၀ နာရီချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
Nov 20,2020
ကိုဗစ်-၁၉ ရောဂါကူးစက်မှုမှ ကာကွယ်ထိန်းချူပ် နိုင်ရန်အတွက် ပါးစပ်၊ နှာခေါင်းစည်း (MASK) မတပ်သူများအား စစ်ဆေးအရေးယူခြင်းကို ရပ်စောက်မြို့နယ် မြို့လယ်နာရီစင်အနီးနှင့် ရဿဝတီခန်းမရှေ့တွင် ယနေ့ နံနက် ၈ နာရီခွဲ က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့သည်။