အမြို့မြို့အနယ်နယ်သတင်းများ

Nov 20,2020
အင်းနီကျေးရွာသည် ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ မိုင်းသောက်ကျေးရွာအုပ်စုအတွင်း ပါဝင်ပြီး ပအိုဝ်းတိုင်းရင်း သားများ နေထိုင်ရာ ပင်လယ်ရေမျက်နှာပြင် အထက် ပေ ၆၀၀၀ နီးပါး မြင့်မားသည့် တောင်ပေါ်ရွာလေး တစ်ရွာ ဖြစ်သည်။
Nov 20,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့တွင် စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများ၏ သီးနှံစိုက်ခင်း များအား ပိုးမွှားများကျရောက်မှုမရှိစေရေး ကြိုတင်ကာကွယ်သည့်အနေဖြင့် ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းကို ယနေ့ နံနက်ပိုင်းက စံပြစိုက်ကွက်များ၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
Nov 20,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့အဝင်/ထွက် ဂိတ်တွင် နေ့စဉ်စစ်ဆေးဆောင်ရွက်လျက်ရှိသည်။
Nov 20,2020
ပဲခူးတိုင်းဒေသကြီး၊ သာယာ၀တီခရိုင်၊ မိုးညိုမြို့နယ်တွင် ယမန်နေ့က ကိုဗစ်-၁၉ ပိုးတွေ့အတည်ပြု လူနာသစ် (၈)ဦး ထပ်မံတွေ့ရှိကြောင်းသိရသည်။
Nov 20,2020
မိုင်းရယ်မြို့နယ်အတွင်း ဈေးနေ့များတွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် မိုင်းရယ်မြို့နယ် စည်ပင်သာယာရေးဌာနမှ ယမန်နေ့ နံနက်(၇)နာရီက မြို့မစျေးကြီး အတွင်းနှင့် ယာယီပျံကျစျေးများတွင် Mask များလိုက်လံဝေငှပေးခဲ့သည်။