အမြို့မြို့အနယ်နယ်သတင်းများ

Nov 06,2020
၂၀၂၀ ပြည့်နှစ် ၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် တတိယအကြိမ်မြောက် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်း စေ့စပ်ညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့၊ မွန်းလွဲ ၂ နာရီက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Nov 06,2020
ကချင်ပြည်နယ် ဗန်းမော်ခရိုင် လွယ်ဂျယ်မြို့၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲနေ့၌ မဲဆန္ဒရှင်ပြည်သူများ အဆင်ပြေ ချောမွေ့စွာ ဆန္ဒမဲ ပေးနိုင်ရေး၊ အမှာအယွင်းမရှိစေရန်နှင့် အချိန်လေလွင့်မှုမရှိစေရန် ရည်ရွယ်၍ မဲရုံတာဝန်ကျသည့် မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် တာဝန်ကျဝန်ထမ်းများ လက်တွေ့သရုပ်ပြခြင်းကို ယမန်နေ့နံနက် ၉ နာရီမှ စ၍ သက်ဆိုင်ရာ မဲရုံအသီးသီး၌ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
Nov 06,2020
၂၀၂၀ ပြည့်နှစ် ၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် တတိယအကြိမ်မြောက် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် မဲရုံများ မီးဘေးအန္တရာယ်ကင်းဝေးစေရန်နှင့် မဲဆန္ဒရှင်ပြည်သူများ စိတ်အေး ချမ်း လုံခြုံစွာ မဲပေးနိုင်ရေး အတွက် ကြိုတင်၍ မဲရုံများ မီးဘေးကြိုတင်ကာကွယ်ရေး ကြပ်မတ်စစ်ဆေးခြင်း ကို ယမန်နေ့ နံနက် ၁၀ နာရီခွဲက မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်သီဟ ၏ ဦးဆောင်မှုဖြင့် မီးသတ်တပ် ဖွဲ့ဝင်များက နယ်မြေအလိုက် ကွင်းဆင်းစစ်ဆေးခဲ့ ကြောင်း သိရသည်။
Nov 06,2020
၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ကျောက်ထုမြို့ဒေသ၌ ကြိုတင်ဆောင်ရွက်မှုများကို ဂန့်ဂေါခရိုင် အုပ်ချုပ်ရေးမှူး ဦးကျော်မင်းညို၊ ခရိုင် ရွေးကောက်ပွဲကျင်းပရေး ကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးတင်ဝင်းနှင့် ဆောမြို့နယ်အုပ်ချုပ်ရေးမှူး၊ ဦးကြည်မင်းထွန်း တို့ ပါဝင်သည့်အဖွဲ့သည် ယမန်နေ့ညနေပိုင်းက စစ်ဆေးကြည့်ရှုပြီး လုပ်ငန်းလိုအပ်ချက်များ ကို ဖြည့်ဆည်း မှာကြားသည်။
Nov 06,2020
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့၌ ယမန်နေ့ နေ့လယ် ၁၂ နာရီအချိန်က၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့်ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက် ပွဲအတွက် မဲဆန္ဒရှင်ပြည်သူများ မဲပေးနိုင်ရန် မဲရုံများ ကြိုတင်ပြင်ဆင်ပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။
Nov 06,2020
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် တစ်နိုင်ငံလုံးတွင် ပါတီစုံဒီမိုကရေစီ အထွေထွေ​ရွေးကောက်ပွဲ ကျင်းပတော့မှာဖြစ်သဖြင့် ပုသိမ်မြို့တွင် မဲပေးကြမည့် မဲဆန္ဒရှင်ပြည်သူများ သိရှိနိုင်ရန် " မဲပေးကြပါစို့ " ပိုစတာများကို​ ပုသိမ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ​ဆက်ဆံရေးဦးစီးဌာန၊ ရုံးရှေ့ရှိမြေစိုက်နံရံကပ် ပြဘုတ် တွင် ပြသအသိပေးထားသည်။
Nov 05,2020
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ဖာပွန်မြို့၌ မဲရုံများပြင်ဆင်ထားရှိမှု အခြေအနေများကို ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစောဘူးသောနှင့်တာဝန်ရှိသူများက ယနေ့နံနက် (၁၀)နာရီအချိန်က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
Nov 05,2020
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ကိုဗစ်-၁၉ ကာကွယ်ရေး အထောက်  အကူပြု လုပ်ငန်းသုံးပစ္စည်းများကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်ခန့်က လာရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။