အမြို့မြို့အနယ်နယ်သတင်းများ

Nov 05,2020
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၂၀၁၉-၂၀၂၀ ဘတ်ဂျက်ဖြင့် ရန်ကုန်လျှပ်စစ်ဓာတ်အား ပေးရေးကော်ပိုရေးရှင်းနှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနတို့မှ အကောင်အထည်ဖော် ဆောင်ရွက် ပြီးစီးခဲ့သည့်  တွံ့တေးမြို့နယ်နှင့်ကော့မှူးမြို့နယ်တို့၏ ၃၃ / ၁၁ ကေဗွီ (၅)အမ်ဗွီအေ ဓာတ်အားခွဲရုံများ နှင့် ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းများဖွင့်ပွဲကို အဆိုပါဓာတ်အားခွဲရုံများနှင့် ကျေးလက်လမ်းများ တွင် ယမန်နေ့မွန်းလွဲပိုင်းကကျင်းပခဲ့သည် ။
Nov 05,2020
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များဖြစ်ကြသော ဒေါ်ခင်စောလင်း နှင့် ဒေါ်နန်းစိုးစိုးသန်း၊ ခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင်ဦးဇော်လင်းထွန်း၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များလိုက်ပါလျက် လှိုင်းဘွဲမြို့နယ်အတွင်းရှိ ကျေးရွာများတွင် အသက်(၆၀)နှစ် ကြိုတင်ဆန္ဒမဲပေးနေမှုနှင့် မဲရုံများ ကြိုတင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ယနေ့ နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
Nov 05,2020
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့၌ ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ကြိုတင်ဆန္ဒမဲပေးခွင့်ရှိသူများ ကြိုတင်ဆန္ဒမဲများကို ဝေါလေမြိုင်မြို့အတွင်းရှိ ရပ်ကွက် ရွေးကောက်ပွဲ ကောက်မရှင် အဖွဲ့ခွဲရုံးများတွင် အောက်တိုဘာလ ၂၉ ရက်နေ့စတင်၌ ကြိုတင်ဆန္ဒမဲပေးခွင့်ရှိသူ မဲဆန္ဒရှင်များလာရောက် မဲပေးလျက်ရှိကြောင်းသိရသည်။
Nov 05,2020
စစ်ကိုင်းတိုင်းဒေသကြီး၊တမူးခရိုင်၊ခါမ်းပါတ်မြို့တွင် ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေ များကို သွားရောက်စစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။
Nov 05,2020
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်၌ ပြည်သူများ သွားရေး လာရေး အဆင်ပြေချောမွေ့စေရန်၊ လူနေမှုဘဝမြင့်မားတိုးတက်စေရန် ရည်ရွယ်၍ မြို့နယ်စည်ပင်သာ ယာရေးအဖွဲ့မှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ဆောင်ရွက်နေမှုအခြေအနေများကို ယနေ့ နံနက် ၈ နာရီအချိန်ခန့်က ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
Nov 05,2020
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့်သည် ကျောက်ဆည်ခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များ ၊ တံတားဦးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကို ယနေ့နံနက်(၁၀)နာရီက တံတားဦးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ တွေ့ဆုံဆွေးနွေး ကြောင်း သိရသည် ။
Nov 05,2020
မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့အမှတ်(၃)ရပ်ကွက်၊ မဲရုံ(၁)တွင်နိုဝင်ဘာ၄ရက်နေ့အထိ အသက်(၆၀)နှစ်နှင့် အထက်ကြိုတင် ဆန္ဒမဲလာရောက်ပေးသူ(၈၁)ဦးရှိပြီဖြစ်ကြောင်း ရပ်ကွက်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှသိရသည်။
Nov 05,2020
ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ မဲရုံအပြင်စည်း၌ လုံခြုံရေး၊ အုပ်ချုပ်ရေးနှင့် ကျန်းမာရေးဆိုင်ရာကိစ္စရပ်များအတွက် တွေ့ဆုံဆွေးနွေးခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။