အမြို့မြို့အနယ်နယ်သတင်းများ

Nov 05,2020
ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၌ ယမန်နေ့ ညနေ၃ခွဲအချိန်ခန့်က မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်း တိုက်ခတ်မှုကြောင့် မြေစွန်းတော်ကျေး ရွာအုပ်စု၊ မြေစွန်းတော်ကျေးရွာ၊ ရွာသစ်ကျေးရွာ၊ ရွှေလှံကျေးရွာနှင့် မြေဖြူ-မုံညှင်းကျေးရွာအုပ်စု၊ မြေဖြူကျေးရွာတို့တွင် သစ်ပင်များလဲကျခြင်းနှင့် လူနေအိမ်များ အမိုးလန် ပျက်စီးခဲ့ကြောင်း သိရသည်။
Nov 05,2020
တနင်္သာရီတိုင်းဒေသကြီး ၊ ကော့သောင်းခရိုင် ၊ ခမောက်ကြီးမြို့ရှိ  မဲရုံအမှတ်(၁)နှင့် အမှတ်(၆)တွင် ကြိုတင်မဲပေးနေမှုအခြေအနေနှင့် မဲရုံများကြိုတင်ပြင်ဆင်ထားရှိမှု အခြေအနေများအား  ကော့သောင်း ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ယမန်နေ့မွန်းလွဲပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးကြောင်းသိရသည်။
Nov 05,2020
ပခုက္ကူမြို့ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေး ပေါ်တုံ့ပြန်ရေး ကော်မတီသို့ သိန်းတစ်သောင်းဆု ပိုင်ရှင် ခိုင်ရွှေဝါမိသားစုမှ အလှူငွေပေးအပ်ပွဲကို ပခုက္ကူခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင် အုပ်ချုပ်ရေးမှူး ရုံးခန်းမတွင် ယနေ့ နံနက်၁၀ နာရီက ကျင်းပခဲ့သည်။
Nov 05,2020
ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၌ တနင်္သာရီရေတပ်စခန်းဌာနချုပ်မှ ယမန်နေ့ နေ့လယ်ပိုင်းက ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်မိသားစုများအား အထောက်အပံ့ဖြစ်စေရန် ဆန်၊ ဆီနှင့် ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများအား သက်ဆိုင်ရာခန်းမများ၌  ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
Nov 05,2020
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အပူပိုင်းဇုန်ကျေး လက်ရေ ရရှိရေးစီမံကိန်း(JICA)ဖြင့် ပခုက္ကူမြို့နယ်၊ ကန်စောင့်ကျေးရွာရှိ ကျေးလက်နေပြည်သူများသန့်ရှင်းသော သောက်သုံးရေ ဖူလုံစွာသုံးစွဲနိုင်ရေးအတွက် စက်ရေတွင်းတူးဖော်ပေးလျက်ရှိကြောင်းသိရသည်။
Nov 05,2020
ယခုနှစ် အောက်တိုဘာ လကုန်ပိုင်းနှင့် နိုဝင်ဘာလ ၃ ရက်နေ့ ညပိုင်းတို့တွင် ဂန့်ဂေါမြို့နယ်၌ အဆက်မပြတ် မိုးသည်းထန်စွာ ရွာသွန်းသော မိုးရေကြောင့် ဂန့်ဂေါမြို့နယ်အတွင်း မြစ်ချောင်းများ ရေလျှံသဖြင့် ဆောင်းသီးနှံစိုက်ခင်းအချို့ ရေဝင်နစ်မြုပ်မှုရှိခဲ့ကြောင်း သိရသည်။
Nov 05,2020
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရပ်ကွက်/ ကျေးရွာအုပ်စုများရှိ မဲရုံများပြင်ဆင်ထားရှိမှုအခြေအနေများကို ယနေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
Nov 05,2020
မကွေးတိုင်းဒေသကြီး မကွေးမြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးအောက်ရှိ ကျေးရွာများ လျှပ်စစ် မီးရရှိရေးအတွက် ဆောက်ရွက်လျက်ရှိရာ ထုံးပေါက်တောအုပ်စု ထုံးပေါက်တော(တောင်ရွာ၊မြောက် ရွာ)တို့တွင်  အမျိုးသားဓာတ်အားရရှိရေး စီမံကိန်း (NEP)နှင့် ကျေးရွာလျှပ်စစ်မီးရရှိရေး ကျေးရွာ မီးလင်းရေးကော်မတီတို့ ပူးပေါင်းကာ နိုဝင်ဘာလ ၃ ရက်နေ့မှ စတင်ကာ လျှပ်စစ်မီး ရရှိပြီဖြစ်ကြောင်း သိရသည်။