Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ပြည်မြို့နယ်တွင် ရွေးကောက်ပွဲနေ့ မဲရုံများတွင်အသုံးပြုရန် ကိုဗစ်-၁၉ကြိုတင်ကာကွယ်ရေး အထောက်အကူပြု ကျန်းမာရေးသုံးပစ္စည်းများထုတ်ပေး
Nov 05,2020
၂၀၂၀ပြည့်နှစ် နိုဝင်ဘာ ၈ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲနေ့တွင် ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်အတွင်းရှိ မဲရုံ(၂၀၉)ရုံ၌အသုံးပြုရန်အတွက် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး အထောက်အကူပြု ကျန်းမာရေးသုံးပစ္စည်းများကို မြို့နယ်တာဝန်ရှိသူများက ရပ်ကွက်/ကျေးရွာအုပ်စု(၆၉)အုပ်စုမှရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများထံသို့ ပြည်မြို့နယ်အုပ်ချုပ် ရေးမှူးရုံး ပုလဲသီတာခန်းမ၌ ယနေ့နံနက်ပိုင်းက စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မကွေးတိုင်းဒေသကြီး၌ ကိုဗစ်-၁၉ ပိုးတွေ့အတည်ပြုလူနာ (၆)ဦး ထပ်တိုးတွေ့ရှိ
Nov 05,2020
မကွေးတိုင်းဒေသကြီးတွင် ယမန်နေ့ နံနက်ပိုင်းက ကိုဗစ်-၁၉ ပိုးတွေ့အတည်ပြု လူနာ တိုင်းဒေသကြီးအတွင်း ပိုးတွေ့ လူနာ(၆)ဦး ထပ်တိုးတွေရှိခဲ့ကြောင်း တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကာသရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုင်းတောင်းမြို့တွင် ရွေးကော်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌမှ ရွေးကောက်ပွဲဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲဆောင်ရွက်၍ မဲရုံများသို့ ကွင်းဆင်းစစ်ဆေး
Nov 05,2020
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့တွင်၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ(၈) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကျိုင်းတောင်းမြို့အတွင်းရှိ မဲရုံများတွင် တာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များအား ရွေးကောက်ပွဲဆိုင်ရာညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခန့်က ကျိုင်းတောင်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နမ့်တိန်းခန်းမ၌ ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
စဉ့်ကိုင်မြို့နယ်တွင် အသက် (၆၀) နှစ်အထက် သက်ကြီးဘိုးဘွားများနှင့်နာမကျန်းသူများအား အိမ်တိုင်ရာရောက်ကြိုတင် ဆန္ဒမဲပေးခြင်းများဆောင်ရွက်
Nov 05,2020
မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ (၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် အသက် (၆၀) နှစ်အထက် သက်ကြီးရွယ် အိုများနှင့် နာမကျန်းဖြစ်နေသူများ အကြောင်းအမျိုးမျိုးကြောင့်ရပ်ကွက် ကော်မရှင်အဖွဲ့ခွဲရုံးများသို့ ကြိုတင် ဆန္ဒမဲ လာရောက်မပေးနိုင်သူများထံ သွားရောက်၍ ကြိုတင်ဆန္ဒမဲများ အိမ်တိုင်ရာရောက်ကောက်ခံခြင်းများကို ယနေ့နံနက် (၉) နာရီက ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့၌ ရွှေတွင်းဓာတ်အားခွဲရုံ(33/11KV 10MVA) ဖွင့်ပွဲ အခမ်း အနား ကျင်းပ
Nov 05,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ကောလင်းမြို့နယ် ရွှေတွင်းဓာတ်အားခွဲရုံ(33/11KV 10MVA) ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉နာရီက ၎င်းဓာတ်အားခွဲရုံ၌ ဖွင့်လှစ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့နယ်၌ ပြည်သူများ သား၊ငါးနှင့်အသီးအနှံ ဈေးနှုန်းချိုသာစွာဝယ်ယူနိုင်ရေး Mobile Market ဈေးကားဖြင့် ဒုတိယအကြိမ်ရောင်းချပေး
Nov 05,2020
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်၌ ကိုဗစ်-၁၉ကာလအတွင်း ပြည်သူများသား၊ငါးနှင့်အသီး အနှံသန့်ရှင်းလတ်ဆတ်ပြီးဈေးနှုန်းချိုသာစွာဝယ်ယူနိုင်ရေးအတွက်ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏
အပြည့်အစုံ ဖတ်ရန်
နွားထိုးကြီးမြို့နယ်၌ မဲလက်မှတ်များနှင့် ဆက်စပ်ပစ္စည်းများထုတ်ပေး
Nov 05,2020
နွားထိုးကြီးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးက ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲအတွက် နိုဝင်ဘာလ ၈ ရက်နေ့တွင် ဆန္ဒမဲပေးနိုင်ရန်အတွက် မဲဆန္ဒနယ်မြေ အလိုက် ဆန္ဒမဲပေးနိုင်ရန် မဲလက်မှတ်များနှင့် ဆက်စပ်ပစ္စည်းများ ထုတ်ပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန One stop Service ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Nov 05,2020
၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွထွေေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး ရန်ကုန် တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ရွေးကောက်ပွဲနေ့အတွက် တာဝန် ခွဲဝေ ကြီးကြပ်ခြင်း၊ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းအချိန်က ကမာရွတ် မြို့နယ်၊ ရွှေလီလမ်းရှိ ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေ
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
28357
Page
28358
Page
28359
Page
28360
Current page
28361
Page
28362
Page
28363
Page
28364
Page
28365
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department