အမြို့မြို့အနယ်နယ်သတင်းများ

Oct 21,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့မှ မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများအား ကိုဗစ်-၁၉ ကာလအတွင်း စားနပ်ရိက္ခာထောက်ပံ့ခြင်းကို ယမန်နေ့မွန်းလွဲ ၂နာရီခွဲအချိန် က ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးခန်းမတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
Oct 21,2020
လတ်တလောဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ရောဂါ ထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အများ ပြည်သူများ အနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအတိုင်း လိုက်နာကြ ရေး အသိပညာပေးခြင်းကို ယနေ့ နံနက် ၇ နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ် စည်ပင်သာယာရေး အဖွဲ့ဝင်များက ဈေးပြည်သူများ၊ ရပ်ကွက်နေပြည်သူများနှင့် လမ်းသွားလမ်းလာပြည် သူများ သိရှိစေရန် အသံချဲ့စက်ဖြင့် နှိုးဆော်ပေးကြောင်း သိရသည်။
Oct 21,2020
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဧည့်ခန်းမသို့ ယမန်နေ့ မွန်းလွဲ(၂:၃၀)အချိန်က ပဲခူးတိုင်းဒေသကြီး အတွင်း ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် CIC ကုမ္ပဏီမှ PPE ဝတ်စုံများ လာရောက်လှူဒါန်းခဲ့သည်။
Oct 21,2020
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ စမ်းလှမ်းကျေးရွာ၌ Cyclone Shelter တည်ဆောက်နိုင် ရေးအတွက် အဆိုပြုမြေနေရာကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်းကို ယမန်နေ့ ညနေပိုင်းက ကွင်းဆင်း စစ်ဆေးမှု ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Oct 21,2020
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ​ပေါက်မြို့နယ်တွင် ပုံမှန်ကာကွယ်ဆေးထိုး၊‌ ဆေးတိုက် အစီအစဉ်နှင့် (HPV) ကာကွယ်ဆေး စတင်ထည့်သွင်းခြင်း အသိပညာပေး အခမ်းအနားကို ယမန်နေ့ နေ့လယ် ၁ နာရီ အချိန်က မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ရွှေပေါက်ပင် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Oct 21,2020
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌  မြို့နယ် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ်(၁)နာရီက ဆောင်ရွက်ခဲ့ရာ
Oct 21,2020
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် (၉:၀၀)နာရီအချိန် က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။