အမြို့မြို့အနယ်နယ်သတင်းများ

Oct 01,2020
ပဲခူးတိုင်းဒေသကြီး  ပေါက်ခေါင်းမြို့တွင် ကိုဗစ်-၁၉ရောဂါကာကွယ်တားဆီးရေး အတွက် အရှိန်မြှင့် ဆောင်ရွက်လျက်ရှိရာ ဌာနဆိုင်ရာများ စေတနာရှင်ပြည်သူများက ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ရာ မြို့ဝင် လူဝင်၊လူထွက်စောင့်ကြပ်ကြည့်ရှု စစ်ဆေးမေးမြန်းခြင်းတို့ကို မြို့ဝင်ဂိတ် တွင် နေ့၊ည ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
Oct 01,2020
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာ လူမှုဝန်ထမ်းဦးစီး ဌာန မှ ကိုဗစ် -၁၉ စီးပွားရေးကုစားမှုအစီအစဉ်အရ အသက် ၈၀ နှင့် ၈၅ နှစ်အောက် အသက် ကြီးဘိုးဘွားများအတွက် ထောက်ပံ့ငွေများကိုယနေ့နံနက်ပိုင်းက ရပ်ကွက်၊ ကျေးရွာများမှ သက်ဆိုင်ရာတာဝန်ရှိသူများထံသို့ လွဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
Oct 01,2020
ရန်ကုန်တိုင်းဒေသကြီး၊မြောက်ပိုင်းခရိုင်၊အင်းစိန်မြို့နယ်၌ လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်အရ မိသားစုစားဝတ်နေရေး အဆင်ပြေစေရန် ရည်ရွယ်၍ အသက်(၈၀)နှင့်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ပေးအပ်ခဲ့သည်။
Oct 01,2020
၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် နောက်ဆုံးအကြိမ်အဖြစ် မဲဆန္ဒရှင်စာရင်းများကို ရပ်ကွက်ကော်မရှင်ရုံးများတွင် အောက်တိုဘာ ၁ ရက်နေ့ နံနက်ပိုင်း မှစတင်၍ ကပ်ထားရာ မဲဆန္ဒရှင်ပြည်သူများ လာရောက်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။
Oct 01,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုဗစ်-၁၉ စီးပွားကုစားမှု အစီအစဉ်အရ မြို့နယ်အတွင်းရှိ ဘိုးဘွားများအား ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယနေ့ နံနက် ၁၀နာရီက စတင်၍ ရွှေပေါက်ကံရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင်များက ရပ်ကွက်အတွင်းရှိ ဘိုးဘွားများ၏ နေအိမ်များသို့ တစ်အိမ်တက်ဆင်း သွားရောက်၍ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရဿည်။
Oct 01,2020
ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်အတွင်းရှိ ဖို့တကျေးရွာမှ အဝင်အထွက်ကန့်သတ်ထားသည့် အိမ်ထောင်စု  (၇၈) စုအတွက်  အလှူရှင်များက  အခြေခံ   စားသောက်ကုန်နှင့် ကိုဗစ် - ၁၉  ရောဂါကာကွယ်ရေးသုံး ပစ္စည်းများအား ယမန်နေ့က လာရောက်လှူဒါန်းပေးခဲ့ကြောင်း သိရှိရသည်။
Oct 01,2020
မော်လမြိုင်ခရိုင်၊ကျိုက်မ​​ရော မြို့နယ်အတွင်း ၂၀၂၀ ပြည့်နှစ် ၊နိုဝင်ဘာ ၈ရက်​နေ့တွင် ပါတီစုံဒီမိုက​ရေစီအ​ထွေ​ထွေ​ရွေး​ကောက်ပွဲပြုလုပ်စဉ် မဲရုံများအလိုက် လုံခြုံ​ရေးတာဝန် ထမ်း​ဆောင်ကြမည့်အထူးရဲ များအား​ရွေး​ကောက်ပွဲဆိုင်ရာ ဘာသာရပ်များကိုသင်ကြား ပို့ချ သွားမည့် "အထူးရဲသင်တန်းဖွင့်ပွဲအခမ်းအနား"ကိုယ​နေ့နံနက် ၈နာရီခန့်က အ.ထ.က ကျိုက်မ​ရော (ပညာအား မာန်)ခန်းမ၌ပြုလုပ်သည်။